Anxiety Disorder ( သို့မဟုတ် ) စိတ်ပူပင်သောကကြောင့်ကျမှုရောဂါ တစ်မျိုး
ကျွန်တော်တို့ စိတ်ကျန်းမာရေးအကြောင်း ၊ စိတ်ရောဂါတွေ အကြောင်းပြောတဲ့အခါမှာ စိတ်ပူပင်တာ ၊ စိတ်သောက ရောက်တာ အစရှိတာတွေကမပါမဖြစ်ပါပဲ။ ဒါတင်မကပဲ စိတ်ရောဂါတွေအကြောင်း တန်းစီရေးတဲ့အခါမှာ စိတ်ပူပင်သောကကြောင့်ဖြစ်တဲ့ စိတ်ဝေဒနာ (သို့) စိတ်ရောဂါဟာ အမြဲတမ်း အရှေ့ဆုံးကနေလိုလို ပါဝင်နေတတ်ကြပါတယ်။ အရင်အပတ်က ကျန်းမာရေးနဲ့ ပတ်သတ်ပြီး စိတ်ဝေဒနာ နဲ့ စိတ်ရောဂါအကြောင်း အကြမ်းဖျင်းဖော်ပြခဲ့ပေးပြီးပြီဆိုတော့ ဒီနေ့မှာတော့ စိတ်ပူပင်သောကမှုဆိုင်ရာ စိတ်ရောဂါအကြောင်းကို ဝေမျှပေးချင်ပါတယ်။ စိတ်ပူပင်သောကဝေဒနာတစ်မျိုး (သို့) ပူပင်သောကရောဂါ အင်္ဂလိပ်လိုဆိုရင် Anxiety disorder လို့ ခေါ်ပြီး မြန်မာလို အလွယ်ခေါ်ရရင်တော့ စိတ်ပူပင်သောက ဖြစ်စေတဲ့ စိတ်ရောဂါတစ်မျိုးဟာ ရုပ်ပိုင်းဆိုင်ရာကော ၊ စိတ်ပိုင်းဆိုင်ရာမှာပါ သိသာထိရှားတဲ့ စိတ်ရောဂါ လက္ခာတစ်မျိုးပဲဖြစ်ပါတယ်။ အဆိုပါဝေဒနာကို ခံစားနေရတဲ့သူဟာ သာမန်ထက်ပိုတဲ့ စိတ်ပူပင်မှုတွေ ၊ […]
မိမိကိုယ်ကို လက်ခံခြင်းဆိုတာ ဘာလဲ။
မိမိကိုယ်ကို လက်ခံခြင်းဆိုတာဟာ ကိုယ့်ဘဝဟာ တခြားသူတွေနဲ့ ထပ်တူမကျပဲ ကိုယ့်မှာ မတူညီတဲ့ စိန်ခေါ်မှုတွေ ၊ လျှောက်လှမ်းတွေ ရှိတယ်ဆိုတာကို သိရှိပြီးတော့ ငါဟာ ဘယ်သူနဲ့မှ တူဖို့မလိုပဲ ငါဖြစ်နေဖို့ပဲ လိုတာပါ ဆိုတဲ့ အတွေးအခေါ်မျိုးပါပဲ။ အပေါ်ယံကြည့်ရင် ရှင်းလင်းပေမယ့် တကယ်တမ်းမှာတော့ ရှုပ်ထွေးပါတယ်။ ဆိုပါစို့ – ကိုယ်ဟာ လုပ်ငန်းခွင်မှာ အပြိုင်ဆိုင် ကြိုးစားရမယ့် အချိန်တစ်ခုမှာ တစ်ဖက်အသင်းက အသည်းအသန်ကြိုးစားနေပေမယ့် ငါကတော့ ကြိုးစားဖို့မလိုပါဘူး ငါ့ဘဝနဲ့ ငါပါပဲ သူနဲ့ တူမှမတူတာဆိုပြီး အလွယ်တကူ လက်လျော့ဖို့ အတွက် ဆင်ခြေတစ်ခု အနေနဲ့ သုံးလိုက်တာဟာ မိမိကိုယ်ကို လက်ခံတာမျိုးမဟုတ်ပါဘူး။ မိမိ ကိုယ်ကို လက်ခံခြင်းဆိုတာဟာ ကိုယ့်ဘဝမှာ ကြုံတွေ့ရတဲ့ ကောင်းခြင်း ၊ ဆိုးခြင်းတွေ ၊ […]
ခန္ဓာကိုယ်အစိတ်အပိုင်းနဲ့ လုပ်ဆောင်ချက်များအကြောင်း
ကျွန်တော်တို့ ခန္ဓာကိုယ်ဟာ Cells သန်းပေါင်းများစွာနဲ့ ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ Cells တွေကမှ တစ်ဆင့် Tissues တွေဖြစ်ပေါ်လာပြီး Tissues အစုအဖွဲ့တွေကနေမှ Organs တွေ ဖြစ်လာပါတယ်။ Organs တွေ အတူတကွဖွဲ့စည်းတည်ဆောက်ပြီး အလုပ်လုပ်ဆောင်ကြတဲ့ အခါမှာ Organ Systems ဖြစ်ပေါ်လာပြီးတော့ နောက်ဆုံးမှာ Organism ဆိုပြီး သက်ရှိဖြစ်ပေါ်လာပါတယ်။ အဆိုပါ အဆင့်အဆင့် ဖွဲ့စည်းတည်ဆောက်ပုံဟာ လူတစ်မျိုးတည်းတိုင်းမဟုတ်ပဲ သက်ရှိတွေ အများစုဟာလည်း အဆိုပါ အဆင့်အဆင့် ဖွဲ့စည်းတည်ဆောက်ထားတာပါ။ ဒီနေ့မှာတော့ Organ Systems မှာပါဝင်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေနဲ့ သူတို့ တာဝန်ယူဆောင်ရွက်ထားတဲ့ လုပ်ဆောင်ချက်ကလေးများကို ဝေမျှပေးသွားပါမယ်။ ကျွန်တော်တို့ လူသားတွေရဲ့ Organ System ခန္ဓာကိုယ်အစိတ်အပိုင်းတွေဟာ ဒီခန္ဓာကိုယ်ကြီး အသက်ရှင်ရပ်တည်နိုင်အောင် အဓိက လုပ်ဆောင်ချက်တွေကို […]
အာရှတိုက်ရဲ့ ထိပ်တန်းလည်ပတ်စရာနေရာများ
ကမ္ဘာပေါ်မှာရှိတဲ့ နေရာဒေသတွေ ၊ မြို့တွေ တိုင်းမှာ ထူးခြားလှပတဲ့ ကိုယ်ပိုင်သွင်ပြင်တွေရှိကြပါတယ်။ သဘာဝအတိုင်းရှိနေတဲ့ တောင်ကုန်းတောင်တန်းတွေ ၊ ပင်လယ်ဒေသတွေ ၊ သစ်တောတွေ ၊ ကွင်းပြင်တွေကနေပြီးတော့ လူတွေရဲ့ ဖန်တီးတည်ဆောက်မှုဖြစ်တဲ့ အဆောက်အဦးတွေ ၊ ဘုရားအဆောင်တွေ ၊ လည်ပတ်စရာနေရာတွေ အကုန်လုံးမှာ ထူးခြားပြီး သီးသန့်ဆန်တဲ့ အသွင်အပြင်တွေ ကိုယ်စီရှိကြပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ နေထိုင်ရာ အာရှတိုက်မှာ ရှိတဲ့ ထိပ်တန်းနေရာတွေလို့ ဆိုလို့ရလောက်မယ့် နေရာတစ်ချို့ကို ဗဟုသုတအနေနဲ့ ဝေမျှပေးသွားပါမယ်။ ၁။ ဖူဂျီတောင် ( ဂျပန်နိုင်ငံ ) ကျွန်တော်တို့ ဖူဂျီတောင် ဆိုတာနဲ့ ဂျပန်နိုင်ငံကို တွဲမြင်သလို ခွဲခြားလို့မရတဲ့ တောင်တစ်ခုပဲဖြစ်ပါတယ်။ ဂျပန်ရုပ်ရှင်ကားတွေ ၊ ပန်းချီကားတွေ ၊ ဓာတ်ပုံတွေထဲမှာ အင်မတန်လှပပြီးတော့ […]
Mental Disorder ဆိုတာဘာလဲ။ စိတ်ကျန်းမာရေးဆိုင်ရာသိမှတ်ဖွယ်ရာများ
Mental Disorder ဆိုတာဘာလဲ။ မြန်မာလို ဘာသာပြန်ရရင်တော့ စိတ်ရောဂါ ၊ စိတ်ဝေဒနာ အစရှိသလို ဘာသာပြန်ဆိုလို့ရပါတယ်။ စိတ်မကျန်းမာမှုလို့လည်း ယူလို့ရပါတယ်။ စိတ်ရောဂါ (ခ) စိတ်မကျန်းမာမှုဆိုတာ အလုံးစုံ ရူးသွပ်နေတာကို ပြောဆိုတာမဟုတ်ပဲနဲ့ ကိုယ့်ရဲ့ အတွေးအခေါ်တွေ ၊ ခံစားချက်တွေ အပြုအမူတွေကို ထိခိုက်စေတယ် ၊ ပုံမှန်မဟုတ်တဲ့ အခြေအနေတွေကို သက်ရောက်နေတဲ့အခြေအနေမျိုးကို သတ်မှတ်လို့ရပါတယ်။ တစ်ချို့ စိတ်မကျန်းမာမှုအခြေအနေဟာ တစ်ရက်ချင်းစီဖြစ်နိုင်သလို တစ်ပတ် ၊ တစ်လ တန်သည်မှာ ပြန်လည်ကောင်းမွန်နိုင်ပြီး တစ်ချို့အခြေအနေတွေဟာ နှစ်ရှည်လများ ကြာမြင့်နိုင်ပါတယ်။ စိတ်ကျန်းမာရေးဟာ ခန္ဓာကိုယ်မှာလို သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ မမြင်နိုင်တာကြောင့် ရံဖန်ရံခါမှာ သတိပြုမိဖို့ ခက်ခဲပါတယ်။ ဒီကနေ့မှာတော့ စိတ်မကျန်းမာတာဟာ ၊ စိတ်ရောဂါ ၊ အစရှိတာတွေနဲ့ ပတ်သတ်ပြီးတော့ […]
ခရီးမထွက်ခင် ကျစ်ကျစ်လစ်လစ်ပြင်ဆင်ရမည့် နည်းလမ်းကလေးများ
ကျွန်တော်တို့ ဘဝတွေမှာ ခရီးတွေများစွာ ထွက်ဖူးကြပါလိမ့်မယ်။ ကိုယ်ဟာခရီးထွက်ရတာ မကြိုက်တဲ့သူဆိုရင်တောင်မှ လုပ်ငန်းလိုအပ်ချက်အရဖြစ်စေ ၊ ကိစ္စတစ်ခုခုကြောင့်ဖြစ်စေ တစ်ခုမဟုတ်တော့ တစ်ခု ခရီးတော့သွားရမှာပဲဖြစ်ပါတယ်။ အကယ်၍ လုပ်ငန်းလိုအပ်ချက်အရ ခရီးထွက်ရတဲ့အခါ လုပ်ငန်းဘက်က စီစဉ်ပေးတာတွေရှိရင် ကိုယ့်ဘက်ထွေထွေထူးထူးပြင်ဆင်ရတာမျိုးမရှိလို့ သက်သာပေမယ့် အပျော်တမ်းခရီးတွေ ၊ လေ့လာလေးခရီးတွေ ၊ မိသားစုခရီးတွေ ထွက်တဲ့အခါမှာတော့ ကိုယ်တိုင်ကိုယ်ကျ စီစဉ်ရပါပြီ။ ဒီအခါမှာ ခရီးမထွက်ချင် ခရီးစဉ်ကို ဘယ်လိုမျိုးကျစ်ကျစ်လစ်လစ်နဲ့ အကျိုးရှိရှိသွားလို့အောင် ပြင်ဆင်နိုင်မယ့် နည်းလမ်းလေးတွေကို ဝေမျှပေးသွားပါမယ်။ ၁။ ငွေကြေးစီမံခန့်ခွဲမှုကို ကြိုတင်ပြင်ဆင်ခြင်း။ ခရီးမထွက်ခင် အရင်ဆုံးတွေးရမယ့် အရာဟာ ငွေကြေးပဲဖြစ်ပါတယ်။ ကိုယ်ဟာ ထွက်မယ့် ခရီးအပေါ်မူတည်ပြီးတော့ ကုန်ကျမယ့်စရိတ်တွေ ၊ သုံးမယ့်စရိတ်တွေကို လုံလုံလောက်လောက်ဖြစ်အောင် စီမံခန့်ခွဲဖို့အရေးကြီးပါတယ်။ ခရီးတစ်ခုထွက်တဲ့အခါ ငွေကြေးက အင်မတန်အရေးပါပါတယ်။ ကိုယ်မရောက်ဖူးတဲ့ ဒေသတစ်ခု […]
နှလုံးရောဂါအကြောင်းသိကောင်းစရာများ
နှလုံးဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုမှာပါဝင်နေပါတယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်မှာ လိုအပ်နေတဲ့ အောက်ဆီဂျင်တွေ ၊ အာဟာရတွေကို ကိုယ်တွင်းမှာရှိတဲ့ သွေးတွေကနေ တစ်ဆင့် ခန္ဓာကိုယ်အနှံ့ကို လှည့်လည်ပို့ဆောင်ပေးနေပြီးတော့ ဒီသွေးတွေလည်ပတ်နိုင်အောင်လို့ နှလုံးက အဓိက တွန်းအားပေးပြီး လုပ်ဆောင်ပါတယ်။ နှလုံးဟာ ကျုံ့နိုင် ဆန့်နိုင်တဲ့ ကြွက်သားတွေနဲ့ ဖွဲ့စည်းထားပြီးတော့ နှလုံးကို ကျုံ့ခြင်း ၊ ဆန့်ခြင်းအားဖြင့် သွေးကြောတွေကနေ တစ်ဆင့် သွေးတွေကို တွန်းထုတ်ပြီးတော့ လည်ပတ်စေပါတယ်။ ဒါ့အပြင် အောက်ဆီဂျင်တွေ ၊ အာဟာတွေကို ပို့ဆောင်ပြီးသားဖြစ်တဲ့ ညစ်ညမ်းပြီးသား သွေးတွေကိုလည်း ပြန်လည်ယူဆောင်ပါတယ်။ ဒါ့ကြောင့်မို့လို့ ကျွန်တော်တို့ နှလုံး ဟာ ခန္ဓာကိုယ်လည်ပတ်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ ကျွန်တော်တို့ နှလုံးဟာလည်း နာမကျန်းဖြစ်တာတွေ ၊ ရောဂါခံစားရတာ […]
ကိုယ့်ရဲ့ တိုးတက်မှုကို နောက်တစ်ဆင့် ဘယ်လိုမြှင့်တင်မလဲ (သို့) တိုးတက်မှုနှုန်းကို အဆင့်တစ်ခု မြှင့်တင်ခြင်း
ကျွန်တော်တို့ နေ့စဉ်လုပ်ဆောင်နေရတဲ့ လုပ်ငန်းဆောင်တာတွေ ၊ တာဝန်ယူမှုတွေ ရှိပါတယ်။ တစ်ချို့ အရာတွေက နေ့စဉ်ပုံမှန်လုပ်ဆောင်နေရတာဖြစ်ပြီး တစ်ခါတစ်ရံမှာတော့ နေ့စဉ်မဟုတ်တဲ့ လုပ်ဆောင်မှုတွေလည်းရှိပါတယ်။ ကိုယ်ဟာအမြဲတမ်း လေ့လာနေတဲ့သူ တိုးတက်ဖို့ကြံဆောင်နေတဲ့သူဆိုရင်တော့ ပိုလိုတောင်မှ လုပ်စရာတွေ များပြားနေတတ်ပါတယ်။ ဒါပေမယ့် ပင်ပန်းလာတဲ့အခါ လုပ်စရာတွေများလာတဲ့အခါမှာ ကျွန်တော်တို့ဟာ ငါတို့ လုပ်နေတာဟာ တိုးတက်မှု ရှိရဲ့လား ဒါမှမဟုတ် တကယ်ကော ဖြစ်လာရဲ့လား တိုးတက်လာရဲ့လားဆိုတဲ့ သံသယဝင်မှုလေးတွေ ပေါ်ပေါက်လာတတ်ပါတယ်။ ကျွန်တော်တို့ရဲ့ နေ့စဉ်နဲ့ အမျှ တိုးတက်လာတဲ့ တိုးတက်မှုလေးတွေဟာ ပေတံ တွေ စံနှုန်းတွေနဲ့ တိုင်းတာလို့မရပါဘူး။ မျက်စိနဲ့ မမြင်ရနိုင်တဲ့အရာဖြစ်လို့ တိုင်းတာဖို့ရာ ခဲယဉ်းပါတယ်။ ဒါပေမယ့် လုံးဝတိုင်းတာလို့ မရတာမျိုးတော့ မဟုတ်ပါဘူး။ ဒီနေ့မှာ ကိုယ့်ရဲ့ လုပ်ဆောင်မှုတွေ ၊ တိုးတက်မှုတွေကို ဘယ်လိုမျိုးသိသာစေနိုင်သလဲ […]
တောင်အမေရိကတိုက်အကြောင်း သိကောင်းစရာများ
အရင်တစ်ရက်က မြောက်အမေရိကတိုက်အကြောင်းဝေမျှခဲ့ပြီးပြီဆိုတော့ ဒီတစ်ရက်မှာ တောင်အမေရိက တိုက်အကြောင်းကို မျှဝေပေးချင်ပါတယ်။ မြောက်အမေရိကတိုက်ကြီးကို ခရစ်စတိုဖာ ကိုလံဘတ်စ် က ၁၄၉၂ ခုနှစ် က စတင်အခြေချခဲ့တယ်လို့ မှတ်တမ်းတင်ထားခဲ့ပြီး တောင်အမေရိကတိုက် ကိုလည်း ၁၄၉၈ ခုနှစ် သြဂတ်လ ၁ ရက်နေ့မှာ ကိုလံဘတ်စ်ကပဲ ဗင်နီဇွဲလား က ပါရီယာ ပင်လယ်ကွေ့မှာ စပိန်အလံကို စိုက်ထူခဲ့ပါတယ်။ တောင်အမေရိက တိုက်ကြီးဟာ ကမ္ဘာ့အကြီးဆုံး တိုက်တွေထဲက တစ်ခုဖြစ်ပြီးတော့ မြောက်အမေရိကပြီးရင် စတ္တုထမြောက်အကြီးဆုံးဖြစ်တဲ့ တိုက်ကြီးတစ်ခုပဲဖြစ်ပါတယ်။ လက်ရှိ တောင်အမေရိကတိုက်ထဲမှာ စုစုပေါင်း ၁၂ နိုင်ငံတည်ရှိပါတယ်။ တောင်အမေရိကတိုက် တောင်အမေရိကတိုက်ဟာ အနောက်မြောက်ဘက်မှာရှိတဲ့ ဒါရီယန်း ပင်လယ်ကွေ့ကနေပြီးတော့ တောင်ဘက်မှာရှိတဲ့ တီရာတာဒယ် ဖူ(ရ်)ဂို ကျွန်းစုတွေနဲ့ ဆက်စပ်နေပါတယ်။ တောင်အမေရိကတိုက်ကိုလည်း ကုန်းမြင့်ဒေသ ၊ […]
ခရီးထွက်ခြင်းကြောင့်ရလာနိုင်တဲ့ အကျိုးကျေးဇူးများ
ခရီးထွက်ရတာကို နှစ်သက်ပါသလား။ ဘာလို့နှစ်သက်တာပါလဲ။ ဒါမှမဟုတ်ရင် ခရီးထွက်ရတာကို မုန်းတီးတဲ့သူများလား။ ဘာကြောင့်ပါလဲ။ သင်ဟာ ခရီးထွက်ရတာကို ကြိုက်တဲ့ ပုဂ္ဂိုလ်မျိုးဆိုရင် ခရီးထွက်ရမယ်လို့ တွေးမိတဲ့အခါတိုင်းမှာ စိတ်လှုပ်ရှားပြီးတော့ ပျော်ရွှင်မှုတွေကို ခံစားရမှာဖြစ်ပြီး ခရီးထွက်ရမှာ လူတွေနဲ့ ထိတွေ့ဆက်ဆံရမှာမုန်းတီးတဲ့သူမျိုးဆိုရင်တော့ ခရီးထွက်ရမယ့်အခါ စိတ်တွေ လေးလံပင်ပန်းထိုင်းမှိုင်းသွားမှာပဲဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်နေပါစေ ဘဝကြီးမှာ တစ်နေရာတည်းမှာပဲ နေထိုင်ရတာထက် တခြားဒေသတစ်ခုခုကို သွားလာရတာတွေ ၊ တခြားလူမျိုး ၊ တခြားယဉ်ကျေးမှုတွေနဲ့ ထိတွေ့ဆက်ဆံရတာတွေက မလွဲမရှောင်သာ ကြုံတွေ့ရမယ့် အရာတွေပဲဖြစ်ပါတယ်။ အကယ်၍ သင်ဟာ ခရီးထွက်ရတာ နှစ်သက်တဲ့သူဆိုရင်တော့ ပြဿနာမရှိပေမယ့် ခရီးထွက်ရတာကို မုန်းတီးတဲ့သူတွေအတွက် ခရီးထွက်ခြင်းကြောင့် ဘယ်လိုအကျိုးကျေးဇူးလေးတွေ ရနိုင်လာသလဲဆိုတာကို ဝေမျှပေးသွားပါမယ်။ ၁။ ခရီးထွက်ခြင်းဟာ အသိအမြင်ပိုမိုကျယ်ပြန့်စေတယ်။ မတူညီတဲ့ဒေသတွေ ၊ မတူညီတဲ့ ပုဂ္ဂိုလ် ၊ […]