Bahuthuta Corner.com

Alcohol သောက်ခြင်းကြောင့် ရရှိနိုင်တဲ့ သက်ရောက်မှုများ

ကျွန်တော်တို့ adult life ထဲကို စတင်ဝင်ရောက်လာတာနဲ့ ထိတွေ့မိတ်ဆက်ကြတဲ့ အရာတွေထဲမှာ အရက် ၊ ဝီစကီ ၊ ဘီယာ ၊ ဝိုင် ၊ ကော့တေး ၊ ဗော့ကာ ၊ အစရှိတဲ့ alcohol တွေက မပါမဖြစ်ပါပဲ။ သူငယ်ချင်းတွေ ဆုံတွေ့ရင်းပဲဖြစ်စေ ၊ ညစာစားပွဲတွေမှာပဲဖြစ်စေ ၊ စကားဝိုင်းတွေမှာပဲဖြစ်စေ alcohol တစ်မျိုးမဟုတ် တစ်မျိုးနဲ့ ထိတွေ့လာကြပါတယ်။ ငယ်စဉ်ကတော့ လူကြီးတွေက အရက်သောက်တာမကောင်းဘူး လို့ ဆုံးမ ကြပေမယ့် အသက်ကြီးပိုင်းဝင်လာတဲ့အခါမှာတော့ ကြိုက်လို့ဖြစ်စေ ၊ မကြိုက်လို့ပဲဖြစ်စေ သောက်သုံးတတ်လာကြတာ အမှန်ပါပဲ။ အရက်သောက်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ မကောင်းတဲ့အရာတွေကို သိကြပေမယ့် alcohol ပါဝင်တဲ့ အရာတွေ သောက်သုံးမိတာက ဘယ်လိုသက်ရောက်မှုမျိုး ဖြစ်စေနိုင်သလဲ ၊ […]

ပြဿနာကို ဘယ်ကိုကိုင်တွယ်ဖြေရှင်းမလဲ

ကျွန်တော်တို့ နေ့တစ်ဓူဝရင်ဆိုင်ကြုံတွေ့ရတဲ့ အခက်အခဲတွေ ၊ ပြဿနာတွေ ၊ စိန်ခေါ်မှုတွေက ကျွန်တော်တို့အတွက် ပိုကောင်းတဲ့ အခြေအနေတစ်ရပ်ရောက်လာအောင် ဆွဲတင်ပေးတဲ့အရာတွေပါ။ တစ်ယောက်နဲ့ တစ်ယောက် ရင်ဆိုင်ကြုံတွေ့ရတာခြင်းမတူသလို ၊ ဖြေရှင်းတဲ့ ပုံတွေလည်း ကွဲပြားခြားနားမှု ရှိပါတယ်။ အဲ့သလိုတွေကြောင့်မို့ တစ်ယောက်နဲ့ တစ်ယောက် တိုးတက်မှုတွေဟာ ကွာခြားသွားပါတယ်။ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့အပေါ်မှာမူတည်ပြီးတော့ ကျွန်တော်တို့ရဲ့အခြေအနေတွေဟာ ပိုမိုကောင်းမွန်လာနိုင်သလို ပိုမိုဆိုးရွားတာမျိုးလည်းကြုံတွေ့နိုင်ပါတယ်။ တစ်ချို့သူတွေကတော့ စိန်ခေါ်မှုတွေ ၊ အခက်အခဲတွေကို ကြုံတွေ့လာရင် ထွက်ပြေးဖို့ ကြိုးစားတတ်ကြတယ်။ တစ်ချိုကတွေကတော့ ထိပ်တိုက်ရင်ဆိုင်တတ်ကြပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ ပြဿနာတစ်ခု ၊ စိန်ခေါ်မှု တစ်ခု ၊ အခက်အခဲ တစ်ခုဟာ ဖြေရှင်းချင်းမရှိပဲနဲ့ ပြေပျောက်သွားတယ်ဆိုတာမရှိပါဘူး။ ဒါ့ကြောင့်မို့လို့ ဒီကနေ့မှာတော့ ပြဿတစ်ခုခုနဲ့ကြုံတွေ့တဲ့အခါ ဒါမှမဟုတ် စိန်ခေါ်မှု ၊ အခက်အခဲနဲ့ […]

မြောက်အမေရိကတိုက်အကြောင်း သိကောင်းစရာများ

အမေရိကတိုက်ကြီးကို ခရစ်စတိုဖာ ကိုလံဘတ်စ်က ၁၄၉၂ ခုနှစ် မှာ စတင်တွေ့ရှိခဲ့တယ်လို့ မှတ်တမ်းတွေ ရှိထားပါတယ်။ ၁၄၉၂ ခုနှစ် ၊ အောက်တိုဘာလ ၁၂ ရက်နေ့မှာ အီတလျံ စူးစမ်းလေ့လာသူ ခရစ်စတိုဖာ ကိုလံဘတ်စ်က အမေရိကတိုက်ကို စတင်အခြေချခဲ့ပြီးတော့ စပိန်လူမျိုးတွေရဲ့ နယ်မြေလို့ သတ်မှတ်ခဲ့ပါတယ်။ အများစုကတော့ ကိုလံဘတ်စ်ဟာ အမေရိက တိုက်ကြီးကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုကြပေမယ့် တကယ်တမ်းမှာတော့ အမေရိကတိုက်ကြီးနဲ့ အနောက်ဥရောပနိုင်ငံတွေကို စတင်မိတ်ဆက်ပြီး ထိတွေ့တယ်လို့ ပြောရင်ပိုမိုတိကျပါလိမ့်မယ်။ အမေရိကတိုက်ကြီးဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးတိုက်ကြီးထဲမှာပါပြီးတော့ တောင်ပိုင်း နဲ့ မြောက်ပိုင်းဆိုပြီး ကွဲပြားခြားနားပါတယ်။ အဲ့ဒီမှာမှ မြောက်အမေရိကတိုက်ဟာ ကမ္ဘာတတိယမြောက်အကြီးဆုံး တိုက်ကြီးတစ်ခုပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ မြောက်အမေရိကတိုက်အကြောင်းကို ဝေမျှပေးသွားပါတယ်။  မြောက်အမေရိကတိုက် မြောက်အမေရိကတိုက်ဟာ ကာရေဘီယန် ပင်လယ် ၊ […]

ကမ္ဘာကျော်တဲ့ ဂျပန်စားသောက်ဖွယ်ရာများ 

ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ လူသိများထင်ရှားတဲ့ နိုင်ငံတစ်ခုပဲဖြစ်ပါတယ်။ ဂျပန်လူမျိုးတွေရဲ့ လုံ့လဝီရိယရှိမှု ၊ စိတ်ဓာတ်ပြင်းပြမှု ၊ အလုပ်ကြိုးစားတာတွေကြောင့် ကျော်ကြားတာတင်မဟုတ်ပဲနဲ့ animation တွေ ၊ ဂျပန်လူမျိုးတွေရဲ့ culture တွေ ၊ အများနဲ့ မတူပဲ ထူးခြားတဲ့ ရေခံ မြေခံတွေ ၊ အစားအစာ တွေကြောင့် မသိတဲ့သူမရှိလောက်အောင် လူသိများတဲ့ နိုင်ငံတစ်ခုပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဂျပန်လူမျိုးတွေရဲ့ ကမ္ဘာကျော်ပြီး လူသိများထင်ရှားတဲ့ အစားအသောက်လေးတွေအကြောင်းကို ဝေမျှပေးသွားပါမယ်။  ၁။ Sushi ( ဆူရှီ )  ဆူရှီလို့ ပြောလိုက်ရင် မသိတဲ့သူမရှိလောက်ပါဘူး။ ကောက်ညှင်းဆန်လို စေးစေးလေးရယ် ၊ ရေညှိလေးရယ် ငါး (သို့) ပင်လယ်စာ ၊ ကြက်ဥ ၊ အသား ၊ […]

ကောင်းမွန်တဲ့အရာတွေဟာ အချိန်ယူတယ်

တစ်ခါတစ်လေမှာ ကျွန်တော်တို့ တွေးမိကြပါလိမ့်မယ်။ ငါက ကောင်းကောင်းနေသလောက် ဘာလို့ ငါ့ကျမှ ကောင်းကောင်းမွန်မွန်မဖြစ်ရတာလဲ။ တစ်ခြားသူများကို ဖျံကျတတ်တဲ့သူတွေ ၊ မကောင်းတာတွေကို လုပ်ကိုင်နေကြတဲ့သူတွေကျဘာလို့ အဆင်ပြေနေရတာလဲ စသဖြင့် ကောင်းမွန်ခြင်းအပေါ်မှာ မေးခွန်းထုတ်စရာတွေ ဖြစ်လာပါတတ်ပါတယ်။ မှန်ပါတယ် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ မကောင်းမှုတွေကို တွင်တွင်ကျယ်ကျယ်ပြုလုပ်ပြီး အဆင်ပြေနေတဲ့သူတွေလည်းမြင်နိုင်သလို ကောင်းပါလျက်နဲ့ ဘဝကို ရုန်းကန်နေကြရတဲ့သူတွေကိုလည်း မြင်ရတွေ့ရပါလိမ့်မယ်။ ဒီလိုအချိန်တွေမှာ အကုန်လုံးထင်ထားကြသလိုမျိုး ကောင်းမွန်အောင်နေထိုင်ရှင်သန်ခြင်းဟာ တကယ်ပဲ ကိုယ့်အတွက်ကော ကိုယ့်ဘဝအတွက်ပါ ကောင်းမွန်စေရဲ့လားဆိုတဲ့အရာက တကယ် အစစ်အမှန်ပဲဟုတ်ရဲ့လားဆိုတာ ဇဝေဇဝါတွေဖြစ်လာတတ်ကြပါတယ်။ ကောင်းမွန်တဲ့အရာတွေကို လုပ်ကိုင်တဲ့သူဟာ ကောင်းမွန်ခြင်းတွေကိုပြန်ရတယ်လို့ ငယ်ရွယ်စဉ်ကတည်းက ကျွန်တော်တို့ ဆုံးမခံခဲ့ကြရပေမယ့် တကယ်တမ်းလက်တွေ့ဘဝမှာ မလွယ်ကူပါဘူး။ ကောင်းမွန်ခြင်းတွေဟာ အချိန်ယူတတ်ကြပါတယ်။ ဥပမာ တစ်ခု ပြောရရင် အင်မတန်ကြီးကျယ်လှပတဲ့ ရောမ မြို့ကြီးကို တစ်ရက်တည်း […]

ဆယ်ကျော်သက်အရွယ်ပြောင်းလဲမှုများ

ကလေးဘဝကနေ ဆယ်ကျော်သက်အရွယ်ကို ရောက်လာတဲ့အခါမှာ ခန္ဓာကိုယ်မှာ ကြီးကောင်ဝင်လာတဲ့ အနေနဲ့ ပြောင်းလဲမှုတွေများစွာရှိလာပါတယ်။ မိန်းကလေးတွေဆိုရင် သိသိသာသာရင်သားဖွံဖြိုးလာတာ ၊ ဓမ္မတာ စက်ဝန်းလာတာ အစရှိတဲ့ ပြောင်းလဲမှုတွေ ရှိလာသလို ယောင်္ကျားလေးမှာလည်း အသံအောလာတာ ၊ အမွှေးအမျှင်တွေထွက်လာတာ အစရှိတာတွေ ပြောင်းလဲမှုတွေရှိလာပါတယ်။ ဒီကနေ့မှာတော့ ဗဟုသုတကနေပြီး ဆယ်ကျော်သက်အရွယ်ပြောင်းလဲမှုတွေ နဲ့ ပတ်သတ်ပြီး ဝေမျှပေးသွားပါမယ်။ သိသာထင်ရှားတဲ့ ပြောင်းလဲမှုများ ကြီးကောင်းဝင်စအရွယ်မှာ ကျွန်တော်တို့ ကလေးဘဝကရှိခဲ့တဲ့ ခန္ဓာကိုယ်ကနေ လူကြီးဖြစ်ပြီဆိုတဲ့ အပြောင်းအလဲအနေနဲ့ လူကြီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်အဖြစ်ကို ဖွံဖြိုးလာပါတယ်။ ဒီလိုဖွံဖြိုးလာတဲ့အခါမှာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကတော့ အသိသာဆုံးပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်နံ့ပြင်းထန်လာခြင်း – ယောင်္ကျားလေးတွေဆိုရင် သိသိသာသာ အသံသြလာတယ်။ အမွှေးအမျှင်တွေ ပိုမိုသန်ပြီးထွက်လာတယ်။ ခန္ဓာကိုယ်နံ့တွေ ပြင်းလာတယ်။ အရိုးအဆစ်တွေ ကြီးလာတယ် အစရှိတဲ့ ပြောင်းလဲမှုတွေ […]