(Unicode)
Blue Monday အနောက်တိုင်း နိုင်ငံတွေကနေပြီးတော့ အစချီလာတဲ့ အသုံးအနှုံးတစ်ခုပဲဖြစ်ပါတယ်။ အဓိကအားဖြင့် နှစ်တစ်နှစ် ရဲ့ အစကနဦးပိုင်းဖြစ်တဲ့ January လ ရဲ့ ပထဦးဆုံး ၃ ရက်မြောက်တဲ့ Monday ကို Blue Monday လို့ သတ်မှတ်ကြတယ်။ ပေါ်ပေါက်လာပုံရဲ့ ကနဦးကတော့ နှစ်ကူးပွဲတွေ ၊ မိသားစုတွေ့ ဆုံမှုတွေ ၊ ပိတ်ရက်အားလပ်ရက်တွေ ခရီးထွက် ၊ အနားယူတာတွေကနေမှ လုပ်ငန်းခွင်ထဲကို ပြန်လည်ဝင်ရောက်ကြတဲ့အခါ စိတ်အားထက်သက်မှုမရှိပဲနဲ့ အပျင်းကြီး နေတာမျိုး ၊ စိတ်ခွန်အား မပြည့်ဝ သေးတဲ့ စိတ်ခံစားချက်ကို အဓိက ဆိုလိုပြီး ပေါ်ပေါက်လာတာမျိုးပဲဖြစ်ပါတယ်။
ယခုနှစ် နောက်ပိုင်းတွေမှာတော့ အနောက်တိုင်းယဉ်ကျေးမှုတွေ အရှေ့တိုင်းယဉ်ကျေးမှုတွေက ပျံနှံ့လာတာနဲ့ အညီ Blue Monday ဟာလည်း နေရာအနှံ့အပြားမှာ အသုံးပြု ပြောဆိုလာတာကို တွေ့နိုင်ပါတယ်။ ဒီနေရာမှာ ကနဦး ပေါ်ပေါက်ခဲ့သလို January လရဲ့ Monday တွေမှာပဲ သီးသန့်သုံးတာမျိုးမဟုတ်ပဲနဲ့ အလုပ်အားလပ်ရက်တွေပြီးတော့ လုပ်ငန်းခွင်ကို ပြန်ဝင်တဲ့ တနင်္လာနေ့ (ခ) Monday တွေမှာပါသုံးနှုံးလာပါတယ်။
Blue Monday လိုနေ့မျိုးမှာ လုပ်ငန်းခွင်ဝင်တဲ့ အခါပျင်းရိနေတာမျိုး ဒါမှမဟုတ်ရင် စိတ်အားထက်သန်မှုမရှိတာမျိုးက အလုပ်များကိုမတွင်စေတဲ့အပြင်လူ ရော စိတ်ကိုပါ ပိုပြီး ပင်ပန်းစေတာမို့ ဒါကို ကျော်ဖြတ်နိုင်ဖို့လည်းလိုပါတယ်။ အခုဒီမှာ ဒါကို ကျော်ဖြတ်နိုင်တဲ့ နည်းလမ်းလေး ၄ ခုကို မျှဝေပေးလိုက်ပါမယ်နော်။
(၁) Game တစ်ခုလို အောင်မြင်မှု မှတ်တိုင်လေးတွေ ထားပါ။
ဟုတ်ပါတယ်။ Game တွေထဲကလို အောင်မြင်မှုမှတ်တိုင်သေးသေးလေးတွေထားပြီး လုပ်ဆောင်တာက ပျင်းရိစေတဲ့ အချက်ကို ပြေလျော့စေတဲ့အပြင်ကို နောက်ထပ် ဘာလုပ်ရမလဲဆိုတဲ့ အတွေးကိုပါ ဝင်လာစေနိုင်တာပါ။ ဥပမာ – ငါဒီနေ့ ဘယ်အချိန်မှာ အိပ်ယာထ နိုင်ပြီ အလုပ်ကိုတော့ ဘယ်အချိန်အရောက်သွားရမယ်။ ပြီးရင် ငါ ဘယ်အချိန်မှာတော့ ဒါကို အပြီးသတ်ရမယ် ဆိုပြီး ဆက်စပ်ပြီး လုပ်နိုင်စွမ်းတွေပါ တိုးတက်လာတာကို တွေ့နိုင်ပါတယ်။
(၂) အချိန်တစ်ခုယူပြီး စိတ်ကော လူကော ခဏအနားပေးပါ။
အားလပ်ရက်တွေမှာ ခရီးတွေ သွား ၊ သူငယ်ချင်းတွေနဲ့ ဆုံပြီး ပင်ပန်းလာတဲ့အခါ အလုပ်ခွင်ကို ဝင်လိုစိတ်မရှိတာကသဘာဝပါပဲ။ ဒါကြောင့်မို့လို လုပ်ငန်းခွင်မဝင်ခင်မှာ စိတ်ကို ခွန်အားပြည်လည်ဖြည့်တင်းဖို့ အချိန်တစ်ခုလိုပါလိမ့်မယ်။ စိတ်ဆိုတာမျိုးက အထူးတလည် ပင်ပင်ပန်းပန်း အချိန်ပေးစရာမလိုပဲ ကိုယ်ဝါသနာပါတာ ပျော်တာကို လုပ်လိုက်ရရင် ကျေနပ်ပြီး အားရှိတတ်တာမျိုးမို့ လုပ်ငန်းခွင်မဝင်ခင်စပ်ကြားမှာ ကိုယ်ကြိုက်တဲ့ ကော်ဖီလေးသောက်ပြီး ခဏထိုင်တာမျိုး ၊ စာဖတ်တာမျိုး ၊ အချိန်လေးတစ်ခုပေးပြီး ကိုယ်ဝါသနာပါတာကို လုပ်တာမျိုးလေးက အမြန်ဆုံး စိတ်ခွန်အားပြည့်စေနိုင်မှာပါ။
(၃) မဖြစ်မနေလုပ်ရမယ့် အချက်ကလေးတွေကို သတ်မှတ်ပါ။
လုပ်ငန်းခွင်မှာ အလုပ်တွေ မပျက်စေဖို့တွက် ၊ အလုပ်နဲ့ ကင်းကွာနေတာ အချိန်အတိုင်းအတာတစ်ခု ဖြစ်သွားတဲ့အတွက်မို့ အလုပ်တွေ မမေ့မလျော့ မပျင်းပဲ လုပ်နိုင်စေဖို့အတွက် ကိုယ်လုပ်နေကျအချက်ကလေးတွေကို စာရင်းလုပ်ထားလည်းရပါတယ်။ ဒီအချက်ကလေးက အပေါ်က ပြောခဲ့တဲ့ ပထမ အချက်ကလေးနဲ့ တွဲလုပ်လို့ရတာမို့ ကိစ္စတစ်ခုပြီးသွားတိုင်း အရှိန်ရလာပြီး အလုပ်ကို ပိုပြီး အားသွန်ခွန်စိုက်လုပ်စေမှာပါ။
(၄) ကိုယ်ကြိုက်နှစ်သက်တဲ့ အစားအသောက်လေးနဲ့ အစဖွင့်ပါ။
မနက်ခင်း အိပ်ယာနိုးတာပဲဖြစ်ဖြစ် ဒါမှမဟုတ် လမ်းသွားရင်းပဲဖြစ်ဖြစ် အလုပ်ခွင်ဝင်ဖို့ အားမရှိတဲ့အခါ ၊ ဒါမှမဟုတ် စိတ်ပင်ပန်းနေတာမျိုးဆိုင်ရင် အရင်ဆုံး ကိုယ်ကြိုက်နှစ်သက်တဲ့ အစာလေးနဲ့ ခွန်အားဖြည့်တင်းဖို့ အကြံပေးချင်ပါတယ်။ လူက ဗိုက်ဆာနေတဲ့အခါမျိုးမှာ စွမ်းအင်တွေ ကုန်ခမ်းသလိုမျိုးခံစားရတတ်ပါတယ်။ ဒါကြောင့်မို့ ကိုယ်ကြိုက်တဲ့ အရာလေးတွေနဲ့ ဗိုက်ကို ပြည့်တင်းအောင်ဖြည့်နိုင်တဲ့အခါမျိုးမှာတော့ ကုန်ခမ်းနေတဲ့ စွမ်းအင်တွေပြန်လည်ပြည့်ဝလာနိုင်တဲ့အပြင်ကို ကိုယ်စားချင်တာလေးစားလိုက်ရတာကြောင့် စိတ်အကြည်ဓာတ်လေးတစ်ခုရရှိနိုင်ပါတယ်။
ဒီအချက်လေးတွေနဲ့ စိတ်ပင်ပန်း ၊ ထိုင်းမှိုင်းနေတဲ့ Blue Monday ကို အနိုင်ယူပြီး ကျော်ဖြတ်နိုင်မှာပါ။ ဒါကြောင့်မို့ စာဖတ်သူတို့ရေ အခုစာဖတ်ပြီးရင် တနင်္လာနေ့တိုင်း အပျင်းထူနေတဲ့ စိတ်ကို ဘယ်လိုမျိုး ကျော်ဖြတ်ရမလဲဆိုတာကို ကောင်းကောင်းကြီးသိနိုင်ပြီထင်ပါတယ်နော်။ လုပ်ငန်းခွင်မှာ စိတ်ကို ကြည်ကြည်လင်လင်လေးနဲ့ ခွန်အားအပြည့်နဲ့ ပြန်လည်စတင်ဝင်ရောက်ရင်း တစ်ပတ်တာကို ဖြတ်သန်းကြပါစို့နော်။