Bahuthuta Corner.com

Extended Response အကောင်းဆုံးရေးသားနိုင်ဖို့….

GED ဘာသာရပ်မှာ များသောအားဖြင့် စာရေးရတာနည်းပြီး အဖြေမှန်ကိုရွေးခြယ်ပေးရတာ များပါတယ်။ Grammer လိုစာတောင်မှပဲ Multiple အဖြေလေးတွေကနေရွေးထုတ်ပေးရတာပါ။ စာအများစု ရေးသားရတာဆိုလို့ RLA ရဲ့ extended response တစ်ခုလောက်ပဲရှိပါတယ်။ အချိန်အားဖြင့် ၄၅ မိနစ်အတွင်းမှာ စာလုံးရေ ၃၀၀ – ၅၀၀ အတွင်းဝင်အောင်ရေးပေးရတဲ့ essay အမျိုးအစားတစ်ခုပဲဖြစ်ပြီး ကျွန်တော်တို့ သင်ကြားခဲ့ဖူးတွေ့ခဲ့ဖူးတဲ့ essay တွေနဲ့ ရေးသားဟန်မတူပါဘူး။ ဒီကနေ့မှာတော့ ဗဟုသုတကနေပြီး GED ဖြေဆိုမယ့် ကျောင်းသားတွေအတွက် extended response ကို ဘယ်လိုမျိုးရေးသား နိုင်လဲဆိုတာကို ဝေမျှပေးသွားပါတယ်။  RLA ရဲ့ extended response သဘောတရား  GED မှာရေးသားရတဲ့ Extended Response ဟာ ပေးထားတဲ့ စာ […]

စာဖတ်ခြင်းကနေရရှိနိုင်တဲ့ အကျိုးကျေးဇူးများ 

ကျွန်တော်တို့ က ငယ်ငယ်ကတည်းကနေ စာဖတ်ဖို့အတွက် တိုက်တွန်းခံခဲ့ရသလို ၊ စာဖတ်ခြင်းက ကောင်းတယ်ဆိုတာကို အမြဲတမ်းလိုလို ကြားသိခဲ့ရပါတယ်။ ဒါပေမယ့် တကယ်တမ်း စာဖတ်ခြင်းဟာ ဘယ်လိုမျိုး အကျိုးကျေးဇူးတွေရနိုင်သလဲဆိုတာကိုတော့ တစ်ယောက်မှ သေသေချာချာ မပြောပြခဲ့ဖူးသလို ကိုယ်တိုင်လည်း စေ့စေ့စပ်စပ်တွေးမိဖြစ်ခဲ့တာက ရှားပါတယ်။ တကယ်တမ်း စာဖတ်ခြင်းဟာ အကျိုးကျေးဇူးတွေ ရတယ်ဆိုပေမယ့် ကိုယ့်အတွက် ရရှိလာတဲ့ အကျိုးကျေးဇူးတွေကို သတိမထားမိတတ်ကြပါဘူး။ ဒီနေ့မှာတော့ ဗဟုသုတကနေပြီးတော့ စာဖတ်ခြင်းကနေ ရရှိလာနိုင်တဲ့ အကျိုးကျေးဇူးတွေအကြောင်းကို တစ်ခုချင်းစီ မျှဝေပေးသွားပါတယ်။  ၁။ စာဖတ်ခြင်းက စိတ်ကူးတွေ ၊ ဖန်တီးနိုင်စွမ်းတွေကို တိုးတက်စေပါတယ်။  စာတွေကိုအမြဲတမ်းဖတ်တဲ့သူတွေဟာ သာမန်သူတွေထက်စာရင် ပိုမိုပြီးကျယ်ပြန်တဲ့ စိတ်ကူးတွေ ၊ ဖန်တီးနိုင်စွမ်းတွေ မြင့်မားတတ်ကြပါတယ်။ စာဖတ်တဲ့အခါမှာ ကိုယ်ဖတ်နေတဲ့ စာအုပ်အပေါ်ကို မူတည်ပြီးတော့ စိတ်ကူးထဲမှာ ပုံဖော်တတ်ခြင်းဟာ […]

Social Study ဖြေဆိုမယ့် သူတိုင်းသိထားသင့်တဲ့ Amendments များ 

Social Study လို့ ပြောလိုက်ရင် ကျွန်တော်တို့ရင်းနှီးကျွမ်းဝင်မှုမရှိတာကြောင့် ဘယ်အရာတွေကို စတင်လေ့လာရမလဲမသိသလို  ဘာတွေမေးမှန်းမသိကြလို့  စိုးရိမ်ပူပန်တတ်ကြပါတယ်။ Social Study မှာ အမေရိကန်နိုင်ငံ သမိုင်းကြောင်း ၊ ဖွဲ့စည်းတည်ဆောက်ပုံ ၊ အခြေခံဥပဒေ ၊ ထင်ရှာကျော်ကြားတဲ့ အမှုအခင်းတွေ ၊ နိုင်ငံရေးအရွေ့အပြောင်းဖြစ်မှုတွေ အကြောင်းကို သိရှိထားရမယ့်လို့ သိကြပေမယ့် အကြောင်းအရာတွေက များပြားလွန်းတဲ့အတွက် ဘယ်နေရာကနေဘယ်လို စတင်ပြီး ရှာဖွေလေ့လာရမလဲ ဆိုတာက ကျောင်းသား၊ကျောင်းသူတိုင်းကြုံတွေ့ရတဲ့ အခြေအနေတစ်ခုပါ။ ဒီနေ့မှာတော့ Social Study မှာ မဖြစ်မနေသိကို သိထားရမယ့် စာမေးပွဲတိုင်းမှာလည်း အမြဲတမ်းပါဝင်နေတတ်တဲ့ Amendments များအကြောင်းကို ဗဟုသုတကနေပြီးတော့ ဝေမျှပေးသွားပါမယ်။  Amendment ဆိုတာဟာ ဘာလဲ။  Amendment ဆိုတာဟာ ရိုးရိုးရှင်းရှင်း အဓိပ္ပာယ်ဖွဲ့ဆိုရရင်တော့ စာရွက်စာတမ်းတွေမှာ ပါဝင်တဲ့အချက်အလက် […]

ပိရမစ်တွေရဲ့ စိတ်ဝင်စားဖွယ် အချက်အလက်များ 

အီဂျစ်နိုင်ငံ ပိရမစ်တွေဟာ ကမ္ဘာကျော်ပြီး ထင်ရှားပါတယ်။ ဒါ့အပြင် သူနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေဟာလည်း မယ်မယ်ရရ သိရတာမျိုးတွေ မရှိပဲ လူတွေရဲ့ ထင်ကြေးတွေ ၊ ခန့်မှန်းချက်တွေနဲ့ ပြည့်ဝနေပါတယ်။ တစ်ချို့က ဖာရိုဘုရင်တွေရဲ့ အုတ်ဂူတွေလို့ ဆိုကြတယ်။ တစ်ချို့တွေကတော့ ဒါဟာ တခြားဂြိုလ်က သက်ရှိတွေနဲ့ အဆက်အသွယ်ရှိလို့ ဆိုကြတယ်။ တစ်ချို့တွေကတော့ ဒါတွေဟာ ကြယ်တွေ နက္ခတ်တွေကို လေ့လာဖို့ဆိုပြီး ပြောကြတယ်။ ဘယ်လိုပဲဖြစ်ပါစေ အခုခေတ်မှာတောင် ပြန်လည်တည်ဆောက်ဖို့ ခက်ခဲနေတဲ့ ပိရမစ်ကြီးတွေကို လွန်ခဲ့တဲ့ နှစ်ရာထောင်ချီက တည်ဆောက်နိုင်ခဲ့တာကတော့ အင်မတန်ကို နားလည်ရခက်သလို စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တစ်ခုဆိုတာ ငြင်းဆိုဖွယ်ရာမရှိပါဘူး။ ဒီကနေ့မှာတော့ ဗဟုသုတကနေပြီးတော့ ပိရမစ်တွေနဲ့ ပတ်သတ်တဲ့ စိတ်ဝင်စားဖွယ်ရာအချက်အလက်ကလေးတွေကို ရှာဖွေလေ့လာပြီး ဝေမျှပေးသွားပါမယ်။  ၁။ အီဂျစ်မှာရှိတဲ့ ပိရမစ်အရေအတွက်ဟာ […]

GED ဖြေဆိုမယ့်အခါ ဘယ်ဘာသာကို အရင်ဆုံးဖြေဆိုသင့်သလဲ။ 

GED ဖြေဆိုမယ့် ကျောင်းသားတွေအတွက် မဖြစ်မနေ ခေါင်းထဲဝင်လာကြမယ့် မေးခွန်းဟာ ငါတို့ ဘာကို အရင် စဖြေရမလဲဆိုတာပါပဲ။ GED ဟာ ဘယ်လိုဘာသာကို ဘယ်နေ့မှာ ဘယ်တော့ စတင်ဖြေဆိုရမယ်လို့ သတ်မှတ်ထားခြင်းလည်းမရှိသလို ကန့်သတ်ထားခြင်းတွေမရှိတာကြောင့် ကိုယ်အဆင်ပြေတဲ့ ဘာသာကို ကိုယ်အဆင်ပြေတဲ့ နေ့ နဲ့ အချိန်မှာ ဖြေဆိုနိုင်ခြင်းဟာ GED ရဲ့ အားသာချက်တစ်ခုပဲဖြစ်ပါတယ်။ အားသာချက်ဆိုပေမယ့် တကယ်တမ်းဖြေဆိုဖို့အတွက် စာလုပ်ကြတဲ့အခါမှာ ဘယ်ဘာသာကို ကိုယ်တွယ်ရမလဲဆိုတာကို စဉ်းစားရင်းလမ်းတွေပျောက်တတ်ကြပါတယ်။  GED ကိုဖြေဆိုတော့မယ့်အခါ တစ်ချို့တွေက ကိုယ်အရဆုံးဘာသာကို ဖြေဆိုကြတယ်။ တစ်ချို့တွေကတော့ ကိုယ်အပိုင်နိုင်ဆုံးလို့ထင်တဲ့ ဘာသာကို ဖြေဆိုတတ်ကြပါတယ်။ ဒီနေရာမှာ အကြံပေးချင်တာကတော့ တကယ်တမ်း GED ကို စတင်ဖြေဆိုတော့မယ်ဆိုရင် RLA ( Reasoing Through Language Art […]

စာမေးပွဲအတွက် ဘယ်လိုပြင်ဆင်ကြမလဲ

ကျွန်တော်တို့တွေ စာမေးပွဲလို့ အသံကြားရတဲ့အခါ ခေါင်းကိုက်သလို ၊ သွေးတိုးသလို ၊ ဖျားချင်သလို ဖြစ်တတ်ကြပါတယ်။ တကယ်တမ်းမှာတော့ ကျွန်တော်တို့တွေဟာ စာမေးပွဲဖြေဆိုရမှာထက် စာမေးပွဲမှာ ကိုယ်လေ့လာထားတာတွေ မပါတာမျိုး ၊ ကိုယ်မလေ့လာနိုင်တာမျိုး ၊ အမှတ်နည်းတာမျိုးတွေကို ပိုမို စိုးရိမ်တတ်ကြတာပါ။ ဒီနေ့မှာတော့ ဒီလိုမျိုုး စိုးရိမ်မှုတွေ လျော့ပါးသွားစေဖို့အတွက် စာမေးပွဲကို မဖြေဆိုခင် ဘယ်လိုမျိုးပြင်ဆင်ရမလဲဆိုတာကို ဗဟုသုတကနေပြီးတော့ ဝေမျှပေးသွားပါမယ်။ ၁။ စာတွေကို လေ့လာတဲ့အခါမှာ တစ်ပြိုင်နက်တည်း အများကြီးလေ့လာတာထက် အပိုင်းကလေးတွေ ဖြတ်ပြီး လေ့လာကြည့်ပါ။ တစ်ခါတစ်လေမှာ စာတွေ တအားဖတ်ဖို့ များလာတဲ့အခါ ဒါမှမဟုတ် စာတွေ ပုံလာတဲ့အခါ ကျွန်တော်တို့တွေဟာ စာတွေကို ကြည့်ပြီးတော့ စိတ်ဖိဆီးလာတတ်ကြပါတယ်။ ဒီလိုအနေအထားမျိုးကို ရောက်လာတဲ့အခါမှာ စာတွေကို ကြည့်ပြီး စိတ်ဖိဆီးနေတာထက် ကိုယ်မဖြစ်မနေလေ့လာရမယ့် […]

ထူးချွန်တဲ့သူတိုင်း အောင်မြင်သူတစ်ယောက် ဖြစ်နိုင်သလား ? 

ထူးချွန်တဲ့သူတိုင်းဟာ အောင်မြင်သူတစ်ယောက်ဖြစ်နိုင်သလား။ ဒါမှမဟုတ် အောင်မြင်တဲ့သူတိုင်းဟာ ထူးချွန်လား။ ဒီမေးခွန်းကို မေးလေ့မေးထ မရှိကြပေမယ့် တွေးဖူးကြပါလိမ့်မယ်။ ကျွန်တော်တို့ တကယ်တမ်း မြင်နေတွေ့နေရတဲ့ အောင်မြင်တဲ့သူတွေဆိုတာဟာ ဘယ်တက္ကသိုလ်ကနေ ကျောင်းမပြီးပဲ ထွက်လာတာတို့ ၊ သူများတွေ တန်းတူ ပညာသင်ကြားနေရချိန်မှာ သူဟာ ဘယ်လိုမျိုး လှုပ်ရှားရုန်းကန်ခဲ့ရတာတို့ အစရှိတဲ့ ဇာတ်လမ်းမျိုးတွေပဲ အကြိမ်ကြိမ်အဖန်ဖန်တွေ မြင်ရတွေ့ရတဲ့အခါ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့ ထူးချွန်ဖို့ တကယ်လိုအပ်ရဲ့လားဆိုတဲ့ကို တွေးစရာဖြစ်လာပါလိမ့်မယ်။ ဒီအကြောင်းအရာကို မပြောခင်မှာ ကနဦးအနေနဲ့ ကျွန်တော်တို့ လည်ပတ်နေတဲ့ လူ့ပတ်ဝန်းကျင်အကြောင်းကို အစပြောရလိမ့်မယ်ထင်ပါတယ်။  ကျွန်တော်တို့ဟာ ငယ်စဉ်ကတည်းက ကျောင်းတက်တဲ့အခါမှာ ပညာသင်ကြားဖို့ အရေးကို တိုက်တွန်းခံခဲ့ရသလို ၊ လုံလောက်တဲ့ ပညာရေးရဖို့အတွက်ကို သင်ချင်သည်ဖြစ်စေ ၊ မသင်ချင်သည်ဖြစ်စေ သင်ကြားခဲ့ရပါတယ်။ မိဘတိုင်းဟာ ကိုယ့်သားသမီးကို သူများတန်းတူပညာတွေ တတ်စေချင်တဲ့သူတွေချည်းပါပဲ။ […]

GED ကို လွယ်လင့်တကူ အခမဲ့ လေ့လာ ၊ လေ့ကျင့် ၊ ဖြေဆိုနိုင်တဲ့ Websites များ 

GED ဟာ သင်ရိုးညွှန်းတမ်းရယ်လို့ သတ်သတ်မှတ်မှတ် မရှိတဲ့အတွက် လေ့လာရတာ ကျယ်ပြန့်ပါတယ်။ တစ်ချို့တွေဟာ GED အတွက် သီးသန့်ထုတ်ဝေတဲ့ McGraw , Kaplan , Princeton အစရှိတဲ့ စာအုပ်တွေကို လေ့လာရင် ဖြေဆိုဖို့အတွက် လုံလောက်ပြီလို့ ဆိုတတ်ကြပေမယ့် တကယ်တမ်း လေ့လာရင် လေ့လာသလောက်ဝင်တဲ့ GED အတွက်က ဒီစာအုပ်တွေရဲ့ Resources ဟာ အမှတ်ပြည့်ရနိုင်မလား Credit Scores ကိုရနိုင်ပါ့မလားဆိုတဲ့ မေးခွန်းထုတ်စရာရှိလာပါလိမ့်မယ်။ လုံလောက်တယ် မလုံလောက်ဘူးဆိုတာထက် များများလေ့လာရင် လေ့လာနိုင်သလို ပိုပြီးအကျိုးရှိစေတာမို့ ဒီနေ့မှာတော့ ဗဟုသုတကနေပြီး Online ပေါ်ကနေ အခမဲ့ စစ်ဆေးနိုင်မယ့် Test တွေ ၊ Flash Card တွေ လေ့လာနိုင်တဲ့ Websites လေးတွေကို […]

အမျိုးသမီးတွေဟာ ထင်သလောက် အရေးပါရဲ့လား ? (သို့) 

အမျိုးသားတွေလောက် စွမ်းဆောင်ရည်မြင့်မားပါသလား ?  အမျိုးသမီးတွေဟာ ကမ္ဘာလောကကြီးမှာ ထင်သလောက်အရေးပါရဲ့လား။ သူတို့ရဲ့ စွမ်းဆောင်ရည်တွေက တကယ်တမ်းရော အမျိုးသားတွေလောက် မြင့်မားသလား။ အမျိုးသားတွေလိုကော ဦးဆောင်နိုင်စွမ်းတွေ ၊ ရပ်တည်နိုင်စွမ်းတွေရှိသလား။ အမျိုးသမီးတစ်ယောက်ဟာ အိမ်ထောင်ဖက် ကောင်းကောင်းရှာပြီး အိမ်မှုကိစ္စလုပ်ဖို့ပဲ အရေးပါတာမဟုတ်ဘူးလား။ မိန်းမ တစ်ယောက်ရဲ့ အခန်းကဏ္ဍဟာ အိမ်မှာပဲရှိတယ်။ အစရှိတဲ့ စကားတွေ ၊ အသုံးအနှုန်းတွေ ၊ အတွေးအခေါ်တွေကို ကျွန်တော်တို့ အနေနဲ့ တစ်မျိုး မဟုတ် တစ်မျိုး ကြားဖူး ၊ မြင်ဖူးနေကြမှာပါ။ အထူးသဖြင့် ကျွန်တော်တို့ရဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ အခုချိန်ထိ တွင်တွင်ကျယ်ကျယ်ကို တွေ့နိုင်မြင်နိုင်နေဆဲပါပဲ။ ဒီကနေမှာတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေလို တကယ်ပဲ စွမ်းဆောင်ရည်ရှိသလားဆိုတာကို ရေးသားဖော်ထုတ်ပေးသွားပါမယ်။  ပထမဦးဆုံး ရေးသားမယ်ဆိုရင် ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာလောကကြီးဟာ […]

GED Social Study အတွက် သိထားသင့်သမျှ 

GED ဖြေဆိုတဲ့ ကျောင်းသားတွေအတွက် သင်္ချာ နဲ့ သိပ္ပံ ဟာ ခက်ခဲတဲ့ဘာသာရပ်တွေမဟုတ်ပေမယ့် Social Study လို့ ကြားလိုက်ရရင် သွေးတိုးချင်သလိုလို ၊ ကိုယ်ပူချင်သလိုလို တစ်မျိုးကြီးဖြစ်ဖြစ်သွားတာကို ကြုံဖူးကြမှာပါ။ တကယ်တမ်းမှာလည်း ကျွန်တော်တို့ ဖြတ်သန်းလာခဲ့တဲ့ ပညာရေးမှာ Social Study ဆိုတာ မရှိခဲ့တဲ့ အရာတစ်ခု ဖြစ်တာတစ်ကြောင်း ၊ ကျွန်တေ်ာတို့ ကြားဖူးနေတဲ့ ဘာသာရပ်တစ်ခုမဟုတ်တာကြောင့် တစ်ကြောင်း ထိတ်လန့်ကြတာပါ။ ဒီကနေ့မှာတော့ Social Study ဟာ ဘာအတွက်လဲ ၊ ဘာတွေ ပါဝင်သလဲ ၊ ဖြေဆိုမယ့် ကျောင်းသားတွေ အနေနဲ့ ဘယ်အရာတွေကို ရှာဖွေလေ့လာနိုင်သလဲဆိုတာကို ဗဟုသုတကနေပြီးတော့ ဝေမျှပေးသွားပါမယ်နော်။  GED Social Study ဆိုတာဟာ တစ်နည်းအားဖြင့်တော့ အမေရိကန်ပြည်ထောင်စု […]