Bahuthuta Corner.com

Ketamine (ခ) K အကြောင်းသိကောင်းစရာ 

ယခုခေတ်လူငယ်တွေကြားမှာ လူသိများထင်ရှားတဲ့ K အရှည်ကောက်ဟာ Ketamine ပါ။ Ketamine ကို ကနဦးကာလတွေမှာ ထုံဆေး ၊ မေ့ဆေးအဖြစ် အသုံးပြုကြပါတယ်။ ဒါပေမယ့် ယနေ့ခေတ်မှာတော့ K ခေါ် Ketamine ကို ပါတီ တွေ ၊ ကလပ်တွေမှာ မူးယစ်ဆေးဝါးတစ်ခုအဖြစ်အများအပြားသုံးပြုလာကြပါတယ်။ K ကို မူးယစ်ဆေးဝါးအဖြစ် အသုံးပြုလာကြပေမယ့် တကယ်တမ်းမှာ သူ့ရဲ့စတင်တွေ့ရှိခဲ့မှုတွေ ၊ လက်တွေ့ အသုံးချ မှုတွေဟာ မူးယစ်ဆေးဝါးတစ်ခုထက် ပိုမိုတဲ့ အကျိုးသက်ရောက်မှုှတွေရှိပါတယ်။ ဒီကနေ့မှာတော့ ဗဟုသုတကနေပြီး K လို့ ခေါ်တဲ့ Ketamine အကြောင်းကို ပိုမိုသိရှိကြစေဖို့ မျှဝေပေးချင်ပါတယ်။  K (ခ) Ketamine မူလပထမပေါ်ပေါက်လာခဲ့ပုံ  K လို့ သိကြတဲ့ Ketamine ကို […]

ကောင်းမွန်ခိုင်မာတဲ့ ဆက်ဆံရေးတည်ဆောက်ခြင်း 

ကျွန်တော်တို့ ဘဝကြီးမှာ လူအမျိုးမျိုးဆက်ဆံရေးအမျိုးမျိုးတွေနဲ့ ကြုံတွေ့ခဲ့ရပါလိမ့်မယ်။ တစ်ချို့သောသူတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေရှိသလို တစ်ချို့တွေနဲ့လည်း ပေါင်းရသင်းရတာ အဆင်မပြေလို့ လမ်းခွဲခဲ့ရတာတွေလည်း ကြုံခဲ့ဖူးကြမှာပါ။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာဖြစ်စေ ၊ လုပ်ငန်းခွင်မှာဖြစ်စေ ၊ လူမှုရေးတွေမှာဖြစ်စေ ကောင်းမွန်ခိုင်မာတဲ့ ဆက်ဆံရေးတွေရှိတာက ပိုမိုကောင်းမွန်တဲ့ လူနေမှုဘဝကို ရရှိစေပါတယ်။ တစ်ခါတစ်လေမှာ ကိုယ်က ကောင်းမွန်တဲ့ ဆက်ဆံရေးတွေတည်ဆောက်ခြင် စိတ်ရှိပေမယ့် ဘယ်လိုမျိုးတွေဟာ အရေးကြီးသလဲ ၊ လုပ်ဆောင်သင့်သလဲဆိုတာတွေကို သတိပြုမိဖို့ မေ့လျော့နေတတ်ကြပါတယ်။ ဒီနေ့မှာတော့ ကောင်းမွန်ခိုင်မာတဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ဖို့အတွက် အရေးကြီးတဲ့ အချက်အလက်လေးတွေကို ဗဟုသုတကနေပြီးတော့ ဝေမျှပေးသွားမှာပါ။  အပြန်အလှန်ဆက်သွယ်မှုရှိခြင်း  မိသားစုဝင်တွေနဲ့ ဆက်ဆံရေးဖြစ်ဖြစ် ၊ လုပ်ငန်းခွင်ဆက်ဆံရေးဖြစ်ဖြစ် ၊ သမီးရည်းစား သူငယ်ချင်းဆက်ဆံရေး ဖြစ်ဖြစ် ဘယ်ဆက်ဆံရေးတွေမဆို အပြန်အလှန်ဆက်သွယ်မှုရှိဖို့က အင်မတန်အရေးကြီးတဲ့အချက်ပဲဖြစ်ပါတယ်။ အပြန်အလှန်ဆက်သွယ်မှုရှိခြင်းဆိုတာဟာ […]

အသံတိတ်လူသတ်သမား (သို့) သွေးတိုးခြင်း 

ကျွန်တော်တို့ လူငယ်တွေမှာ မသိသာပေမယ့် အသက်ရလာတဲ့ လူကြီးတွေမှာ သွေးတိုးခြင်းဟာ အမြဲမြဲလိုလိုတွေ့ရတတ်ပါတယ်။ တကယ်တမ်းမှာလည်း ကျွန်တော်တို့ လူငယ်တွေသွေးတိုးတတ်ပေမယ့် မသိသာတာကြောင့် မသိလိုက်တာမျိုး တွေဖြစ်တတ်ပါတယ်။ သွေးတိုးခြင်းဟာ အသက်အရွယ်ငယ်တဲ့သူတွေ ၊ အချို့သူတွေမှာ သိသာထင်ရှားတဲ့ လက္ခဏာဝေဒနာတွေကိုမပြသလို့ အသံတိတ်လူသတ်သမားလို့ လည်းသိကြပါတယ်။ ဒီကနေ့မှာတော့ ဗဟုသုတကနေ သွေးတိုးခြင်းနဲ့ ပတ်သတ်ပြီးသိသင့်တဲ့ အကြောင်းအရာလေးတွေကို ဝေမျှပေးသွားပါမယ်။  သွေးတိုးခြင်း။  သွေးတိုးခြင်းဆိုတာဟာ ကိုယ်တွင်းမှာရှိတဲ့ သွေးဖိအားနှုန်းတွေ သာမန်ထက် ပိုမိုလွန်ကဲလာတဲ့ ကျန်းမာရေးအခြေအနေတစ်ရပ်ပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ ပုံမှန်ရှိသင့်ရှိထိုက်တဲ့ သွေးဖိအားနှုန်းထက် ပိုမိုများနေပြီဆိုရင် သွေးတိုးနေပြီလို့မှတ်ယူလို့ရပါတယ်။ သာမန်သွေးဖိအားက ပုံမှန်အားဖြင့် 120/80 mm Hg ရှိပြီး ဒီ့ထက်ပိုများနေပြီဆိုရင် သွေးတိုးနေပါပြီ။  သွေးတိုးခြင်းကို ဖြစ်ပေါ်စေနိုင်တဲ့ အကြောင်းအရာများ…. သွေးတိုးခြင်းဟာ များသောအားဖြင့် မျိုးရိုးလိုက်တတ်ကြပါတယ်။ ကိုယ့်အဖိုးအဖွားတွေ ၊ […]

စိတ်ဖိစီးမှုတွေရဲ့ သက်ရောက်မှုများ 

ကျွန်တော်တို့ရဲ့ နေ့စဉ်လှုပ်ရှားမှုတွေ များနေတဲ့ ဘဝကြီးတစ်ခုမှာ တစ်ရက်မဟုတ် တစ်ရက် ၊ တစ်ချိန်မဟုတ် တစ်ချိန် စိတ်ဖိစီးစရာကိစ္စတွေ ကြုံတွေ့ရနိုင်ပါတယ်။ တစ်ခါတစ်လေမှာတော့ အချိန်တို အတိုင်းအတာလေးပဲဖြစ်ပေမယ့် အချိန်ကာလကြာမြင့်စွာ စိတ်ဖိစီးလာတဲ့အခါ ကျွန်တော်တို့အပေါ်ကို သက်ရောက်မှုများစွာရှိလာနိုင်ပါတယ်။ စိတ်ဖိစီးမှုတွေ ကြာမြင့်လာတဲ့အခါမှာ ကျွန်တော်တို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးသာမက ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ အမျိုးမျိုးသက်ရောက်မှုတွေရှိလာနိုင်ပါတယ်။ ဒီကနေ့မှာတော့ ဗဟုသုတနေပြီး ဘယ်လိုမျိုး သက်ရောက်မှုတွေရှိသလဲဆိုကို ရေးသားဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။  ရုပ်ဆိုင်းဆိုင်ရာ ကျန်းမာရေး သက်ရောက်မှုများ  အချိန်ကာလကြာမြင့်စွာ စိတ်ဖိစီးခြင်းဟာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုသိသိသာသာထိခိုက် စေပါတယ်။ နာတာရှည် စိတ်ဖိစီးလာတဲ့အခါမှာ သွေးပေါင်ချိန်များမြင့်တက်လာစေပြီး နှလုံးနဲ့ ပတ်သတ်တဲ့ ဝေဒနာများကို ခံစားရစေနိုင်ပါတယ်။ ဒါ့အပြင် အစာစားချိန်မမှန်ခြင်း ၊ အိပ်စက်ခြင်း မမှန်ခြင်းတွေကြောင့် ကိုယ်ခံအားစနစ်ကျဆင်းပြီး အလွယ်တကူ ရောဂါများ […]

စိတ်ကျမှုတွေ ကြုံလာရတဲ့အခါ

ကျွန်တော်တို့တွေမှာ စိတ်ဓာတ်ကျတဲ့ အချိန်တွေဆိုတာရှိတတ်ကြပါတယ်။ ကိုယ့်ကို သက်ရောက်လာတဲ့ ပတ်ဝန်းကျင်ဖိအားတွေ ၊ ကိုယ်မလုပ်နိုင်တဲ့အခါ ကြုံလာရတဲ့ အခြေအနေတွေ ၊ စိတ်ပင်ပန်းစရာတွေ များပြားလာတဲ့အခါမှာဘယ်လောက်ပဲ သန်မာတယ်ပြောပြော အနည်းနဲ့ အများတော့ စိတ်ဓာတ်ကျလာကြမှာ ပါပဲ။ တစ်ချို့တွေဟာ စိတ်ဓာတ်ကျတဲ့ အခြေအနေကို ဖြတ်ကျော်လာနိုင်ကြပေမယ့် တစ်ချို့တွေကတော့ ဘဝကြီးကို အရှုံးပေးလိုက်တတ်ကြပါတယ်။ စိတ်ဓာတ်ကျတဲ့ အခါ ဘဝကြီးကို အရှုံးပေးလိုက်ရခြင်းဟာ မှန်ကန်တဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူး။ ကိုယ့်ဘဝကြီးကို အရှုံးပေးပြီး ထွက်သွားပေမယ့် ကျန်ခဲ့တဲ့ မိသားစုဝင်တွေ ၊ ကိုယ့်ကိုချစ်တဲ့သူတွေကို ဒီလိုမျိုး ဥပေက္ခာပြုပြီးထွက်သွားတာဟာ တစ်ကိုယ်ကောင်းဆန်တဲ့ လုပ်ရက်တစ်ခုမျိုးပဲဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ ဒီကနေ့မှာတော့ စိတ်ဓာတ်ကျတဲ့အခါ ဘယ်လိုမျိုး ပြန်လည်ကုစားနိုင်မလဲ ၊ စိတ်ဓာတ်ကျတဲ့သူတွေကို ဘယ်လိုမျိုး ဖေးမ ကူညီနိုင်မလဲဆိုတာကို ဗဟုသုတကနေပြီးတော့ ဝေမျှပေးသွားပါတယ်။  […]

ကော်ဖီတစ်ခွက် ကပေးနိုင်တဲ့ ကျန်းမာရေး 

ကျွန်တော်တို့ နေ့စဉ်ဘဝမှာ ကော်ဖီတစ်ခွက်က မပါမဖြစ်လို့ကို ဖြစ်နေပါတယ်။ အထူးသဖြင့် မနက်ခင်း ပိုင်းတွေ အိပ်ယာနိုးပြီးကာစဖြစ်စေ ၊ အလုပ်မလုပ်ခင်မှာဖြစ်စေ ကော်ဖီတစ်ခွက်သောက်ပြီး တစ်နေ့တာကို စတင်တတ်ကြပါတယ်။ ကော်ဖီ သောက်ခြင်းအားဖြင့် လူကို လန်းဆန်းစေပြီး ဦးနှောက်ကို ပိုမို အလုပ်လုပ်နိုင်စေတယ်။ လူကို ပိုပြီးတက်ကြွစေတယ်လို့လည်း ယုံကြည်ထားကြပါတယ်။ တကယ်တမ်းမှာ ကော်ဖီ တစ်ခွက်က သာမန်ထက် ပိုတဲ့ ခန္ဓာကိုယ်ကို အထောက်အကူဖြစ်စေတဲ့ အကျိုးကျေးဇူးကို ပေးစွမ်းနိုင်ပါတယ်။ ဒီကနေ့မှာတော့ ဗဟုသုတကနေပြီးတော့ ကော်ဖီတစ်ခွက်ကို ပုံမှန်သောက်ခြင်းအားဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို ဝေမျှရေးသားပေးသွားပါမယ်။  ၁။ ကော်ဖီသောက်ခြင်းဟာ ခန္ဓာကိုယ်ကို ကောင်းမွန်တဲ့ တိုးတက်မှုတွေဖြစ်ပေါ်စေပါတယ်။  ကော်ဖီသောက်တဲ့သူတွေဟာ သာမန် မသောက်တတ်တဲ့သူတွေထက်စာရင် ၁၇ ရာခိုင်နှုန်းသေဆုံးနိုင်ချေနည်းပါးတယ်လို့သိရပါတယ်။ ဒါ့အပြင် စစ်တမ်းတွေအရ ကော်ဖီသောက်သုံးတဲ့သူတွေဟာ မသောက်တဲ့သူတွေထက် နှလုံးရောဂါ […]

ဖိနှိမ်ခံထားရတဲ့ အမျိုးသားတွေ 

ခေတ်အဆက်ဆက်မှာလည်း အမျိုးသားတွေဟာ ဖိနှိမ်ခံထားရတယ်။ ဒီလိုပြောရင် တစ်ချို့တွေက ဟုတ်ရဲ့လား။ တကယ်မှမဟုတ်တာ။ အမျိုးသားတွေဟာ အမြဲတမ်းဦးဆောင်သူ ၊ အရေးပါသူ ၊ စံနှုန်းတွေရဲ့တိုင်းတာသူ ၊ အခွင့်အရေးအရဆုံး သက်ရှိမျိုးစိတ်တစ်ခုလို့ ပြေးမြင်တတ်ကြပါတယ်။ အမျိုးသား လို့ဆိုလိုက်တာနဲ့ အလိုလိုနေရင်း အရေးပါအရာရောက်တဲ့သူတစ်ဦးဖြစ်သွားတာမျိုး။ နိုင်ငံတစ်ခုလုံးကနေစပြီး ကိုယ့် မိသားစုမှာတောင် အမျိုးသား တစ်ဦး ရဲ့ သြဇာအာဏာက အမျိုးသမီးဖြစ်သူထက် ပိုပြီးတော့ သက်ရောက်မှုတွေပိုရှိပါတယ်။ ဒါ့အပြင် လုပ်ငန်းခွင်မှာဖြစ်စေ ၊ ပတ်ဝန်းကျင်မှာဖြစ်စေ အရေးပါတဲ့ ဆုံးဖြတ်ချက်တစ်ခု ၊ နေရာတစ်ဦးကို ရွေးခြယ်တဲ့အခါမှာ အမျိုးသားတွေကပဲ အမြဲတမ်း ဦးဆောင်နေတတ်ကြပါတယ်။ ဒီလိုမျိုး အခွင့်အရေးတွေ ရရှိနေတဲ့ အမျိုးသားတွေဟာ ဖိနှိမ်ခံထားရတယ်ဆိုတာ မဖြစ်နိုင်လောက်ပါဘူးလို့ပဲ တွေးမိခဲ့ကြပါတယ်။  ခေတ်အဆက်ဆက်ကနေ ယနေ့ထိတိုင်အောင် လူအများစုအပေါ်သက်ရောက်နေတဲ့ မဟာဖိုဝါဒီဟာ အမျိုးသား […]

လန်းဆန်းတက်ကြွတဲ့ တစ်နေ့တာ ဖြစ်စေဖို့ 

နေ့ရက်တိုင်းဟာ ကျွန်တော်တို့အတွက် လန်းဆန်းတက်ကြွပြီးတော့ တစ်နေကုန်အားအင်တွေ အပြည့်နဲ့ ဖြတ်သန်းနိုင်မယ့်နေ့ရက်တွေမဟုတ်ပါဘူး။ တစ်ချို့ရက်တွေမှာ လေးလံထိုင်းမှိုင်းနေမယ်။ တစ်ချို့ရက်တွေမှာ လုပ်ချင်ကိုင်ချင်စိတ်တွေပျောက်စေမယ်။ တစ်ချို့ရက်တွေမှာ ဘယ်သူနဲ့မှ အဆက်အဆံမလုပ်ချင်ပဲ တစ်ယောက်တည်းပဲ မှိုင်ချင် မှိုင်နေမယ်။ အစရှိတဲ့ နေ့ရက်တွေလည်း ရှိနိုင်ပါတယ်။ ဒီနေ့မှာတော့ အကယ်၍ ကျွန်တော်တို့ အိပ်ယာနိုးကတည်းက လူက လေးလံထိုင်းမှိုင်းနေတယ်ဆိုရင် လန်းလန်းဆန်းဆန်း တက်တက်ကြွကြွဖြစ်အောင်လို့ ကိုယ့်ခန္ဓာကိုယ် နဲ့ စိတ်ကိုယ်ပါ ဘယ်လိုမျိုး လှုံ့ဆော်နိုင်မလဲဆိုတဲ့ နည်းလမ်းလေးအချို့ကို ဝေမျှပေးသွားပါမယ်။  ၁။ အိပ်ယာက ထတာနဲ့ ကိုယ့်ကိုယ်ကို အချိန်ပေးပြီး သုံးသပ်ကြည့်ပါ။  အိပ်ယာနိုးတာနဲ့တစ်ခါတည်း တန်းထစရာမလိုပါဘူး။ ကိုယ်အိပ်ယာကနိုးတဲ့အခါ ငါဒီနေ့ ဘာတွေ လုပ်စရာရှိလဲဆိုတာကိုတွေးပါ။ စိတ်ထဲမှာ အစီစဉ်ချကြည့်ပါ။ စိတ်ညစ်စရာတွေ ရှိရင်လည်း အရင်နေ့တွေက ကိုယ်ဘယ်လို ဖြတ်သန်းခဲ့သလိုဆိုတာကို တွေးကြည့်ပါ။ အိပ်ယာက […]

မှန်ကန်ပြီး တိကျတဲ့ ဝိတ်ချနည်းများ 

ကျွန်တော်တို့ ခန္ဓာကိုယ်မှာ မလိုချင်တဲ့ ၊ မလိုအပ်တဲ့ အဆီပိုတွေ အများကြီးရှိပါတယ်။ အထိုင်များတဲ့သူတွေ ၊ လှုပ်ရှားမှု နည်းတဲ့သူတွေ ၊ အဆီအစိမ့်တွေ အများအပြားစားတဲ့သူတွေဆိုရင် မလိုအပ်တဲ့ အဆီပိုတွေအပြင် ခန္ဓာကိုယ်ဟာ အလွန်အမင်း အဝလွန်ခြင်းတွေ ဖြစ်ပေါ်တတ်ပါတယ်။ အဆီပိုတွေ အလွန်အမင်းများပြားခြင်းဟာ ခန္ဓာကိုယ်တွေ မလိုလားအပ်တဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒါ့ကြောင့်မို့ ဒီနေ့မှာတော့ ခန္ဓာကိုယ်က အဆီပိုတွေကို ဖယ်ရှားပစ်တဲ့အခါမှာ အထင်မှားနေကြတဲ့ အကြောင်းအရာတွေ နဲ့ ဘယ်အရာတွေဟာ တကယ်တမ်း ပိုအကျိုးရှိသလဲဆိုတာကို ဗဟုသုတကနေပြီးတော့ ဝေမျှပေးသွားပါမယ်။  ၁။ ကိုယ်လိုချင်တဲ့ နေရာတွေကိုသာ အဆီချခြင်း။  ကျွန်တော်တို့လူမှုကွန်ရက်တွေ ၊ တခြားသူတွေ ပြောဖူးတာကြားဖူးကြသလို လိုက်လည်း လုပ်ဖူးကြမှာပါ။ ဗိုက်ပူတဲ့အခါ အိပ်ထ မတင်လုပ်တာမျိုး အစရှိတာတွေက နားထောင်တဲ့အခါမှာ […]

သိထားသင့်တဲ့ Down Syndrome

Down Syndrome ဆိုပြီး ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ကြားဖူးကြမှာပါ။ ရံဖန်ရံခါမှာ Down Syndrome ခံစားရတဲ့သူတွေနဲ့လည်း ကြုံတွေ့ဆက်ဆံရဖူးကြမှာပါ။ သိထားရမှာက Down Syndrome ဆိုတာဟာ ရောဂါဝေဒနာ ဆိုတာထက် ခန္ဓာကိုယ်မှာ လိုအပ်တာထက် ပိုမိုတဲ့အရာကို ခံစားရတဲ့ အခြေအနေ တစ်ခုဆိုတာက ပိုမှန်နိုင်ပါတယ်။ ဒါ့ကြောင့်မို့လို့ Down Syndrome ခံစားရတဲ့သူတွေဟာ ရောဂါခံစားရတဲ့သူတွေ မဟုတ်ပဲ သာမန်ထက်လွန်ကဲတဲ့ အခြေအနေကို ရောက်ရှိနေတဲ့ သူတွေလို့မှတ်ယူလို့ရနိုင်ပါတယ်။ ဒီကနေ့မှာတော့ Down Syndrome အကြောင်းနဲ့ ပတ်သတ်ပြီးတော့ သိထားရမယ့်အကြောင်းအရာလေးတွေကို ဝေမျှပေးသွားချင်ပါတယ်နော်။  Down Syndrome ဆိုတာဘာလဲ။  Down Sydrome ဆိုတာဟာ ခန္ဓာကိုယ်မှာ လိုအပ်တဲ့ ရှိသင့်ရှိထိုက်တဲ့ Chromosomes ပမာဏထက် ပိုရှိတဲ့အခြေအနေမျိုးကို ခေါ်ဆိုတာပါ။ Chromosomes […]