ခန္ဓာကိုယ်အစိတ်အပိုင်းနဲ့ လုပ်ဆောင်ချက်များအကြောင်း
ကျွန်တော်တို့ ခန္ဓာကိုယ်ဟာ Cells သန်းပေါင်းများစွာနဲ့ ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ Cells တွေကမှ တစ်ဆင့် Tissues တွေဖြစ်ပေါ်လာပြီး Tissues အစုအဖွဲ့တွေကနေမှ Organs တွေ ဖြစ်လာပါတယ်။ Organs တွေ အတူတကွဖွဲ့စည်းတည်ဆောက်ပြီး အလုပ်လုပ်ဆောင်ကြတဲ့ အခါမှာ Organ Systems ဖြစ်ပေါ်လာပြီးတော့ နောက်ဆုံးမှာ Organism ဆိုပြီး သက်ရှိဖြစ်ပေါ်လာပါတယ်။ အဆိုပါ အဆင့်အဆင့် ဖွဲ့စည်းတည်ဆောက်ပုံဟာ လူတစ်မျိုးတည်းတိုင်းမဟုတ်ပဲ သက်ရှိတွေ အများစုဟာလည်း အဆိုပါ အဆင့်အဆင့် ဖွဲ့စည်းတည်ဆောက်ထားတာပါ။ ဒီနေ့မှာတော့ Organ Systems မှာပါဝင်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေနဲ့ သူတို့ တာဝန်ယူဆောင်ရွက်ထားတဲ့ လုပ်ဆောင်ချက်ကလေးများကို ဝေမျှပေးသွားပါမယ်။ ကျွန်တော်တို့ လူသားတွေရဲ့ Organ System ခန္ဓာကိုယ်အစိတ်အပိုင်းတွေဟာ ဒီခန္ဓာကိုယ်ကြီး အသက်ရှင်ရပ်တည်နိုင်အောင် အဓိက လုပ်ဆောင်ချက်တွေကို […]
Mental Disorder ဆိုတာဘာလဲ။ စိတ်ကျန်းမာရေးဆိုင်ရာသိမှတ်ဖွယ်ရာများ
Mental Disorder ဆိုတာဘာလဲ။ မြန်မာလို ဘာသာပြန်ရရင်တော့ စိတ်ရောဂါ ၊ စိတ်ဝေဒနာ အစရှိသလို ဘာသာပြန်ဆိုလို့ရပါတယ်။ စိတ်မကျန်းမာမှုလို့လည်း ယူလို့ရပါတယ်။ စိတ်ရောဂါ (ခ) စိတ်မကျန်းမာမှုဆိုတာ အလုံးစုံ ရူးသွပ်နေတာကို ပြောဆိုတာမဟုတ်ပဲနဲ့ ကိုယ့်ရဲ့ အတွေးအခေါ်တွေ ၊ ခံစားချက်တွေ အပြုအမူတွေကို ထိခိုက်စေတယ် ၊ ပုံမှန်မဟုတ်တဲ့ အခြေအနေတွေကို သက်ရောက်နေတဲ့အခြေအနေမျိုးကို သတ်မှတ်လို့ရပါတယ်။ တစ်ချို့ စိတ်မကျန်းမာမှုအခြေအနေဟာ တစ်ရက်ချင်းစီဖြစ်နိုင်သလို တစ်ပတ် ၊ တစ်လ တန်သည်မှာ ပြန်လည်ကောင်းမွန်နိုင်ပြီး တစ်ချို့အခြေအနေတွေဟာ နှစ်ရှည်လများ ကြာမြင့်နိုင်ပါတယ်။ စိတ်ကျန်းမာရေးဟာ ခန္ဓာကိုယ်မှာလို သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ မမြင်နိုင်တာကြောင့် ရံဖန်ရံခါမှာ သတိပြုမိဖို့ ခက်ခဲပါတယ်။ ဒီကနေ့မှာတော့ စိတ်မကျန်းမာတာဟာ ၊ စိတ်ရောဂါ ၊ အစရှိတာတွေနဲ့ ပတ်သတ်ပြီးတော့ […]
နှလုံးရောဂါအကြောင်းသိကောင်းစရာများ
နှလုံးဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုမှာပါဝင်နေပါတယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်မှာ လိုအပ်နေတဲ့ အောက်ဆီဂျင်တွေ ၊ အာဟာရတွေကို ကိုယ်တွင်းမှာရှိတဲ့ သွေးတွေကနေ တစ်ဆင့် ခန္ဓာကိုယ်အနှံ့ကို လှည့်လည်ပို့ဆောင်ပေးနေပြီးတော့ ဒီသွေးတွေလည်ပတ်နိုင်အောင်လို့ နှလုံးက အဓိက တွန်းအားပေးပြီး လုပ်ဆောင်ပါတယ်။ နှလုံးဟာ ကျုံ့နိုင် ဆန့်နိုင်တဲ့ ကြွက်သားတွေနဲ့ ဖွဲ့စည်းထားပြီးတော့ နှလုံးကို ကျုံ့ခြင်း ၊ ဆန့်ခြင်းအားဖြင့် သွေးကြောတွေကနေ တစ်ဆင့် သွေးတွေကို တွန်းထုတ်ပြီးတော့ လည်ပတ်စေပါတယ်။ ဒါ့အပြင် အောက်ဆီဂျင်တွေ ၊ အာဟာတွေကို ပို့ဆောင်ပြီးသားဖြစ်တဲ့ ညစ်ညမ်းပြီးသား သွေးတွေကိုလည်း ပြန်လည်ယူဆောင်ပါတယ်။ ဒါ့ကြောင့်မို့လို့ ကျွန်တော်တို့ နှလုံး ဟာ ခန္ဓာကိုယ်လည်ပတ်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ ကျွန်တော်တို့ နှလုံးဟာလည်း နာမကျန်းဖြစ်တာတွေ ၊ ရောဂါခံစားရတာ […]
Alcohol သောက်ခြင်းကြောင့် ရရှိနိုင်တဲ့ သက်ရောက်မှုများ
ကျွန်တော်တို့ adult life ထဲကို စတင်ဝင်ရောက်လာတာနဲ့ ထိတွေ့မိတ်ဆက်ကြတဲ့ အရာတွေထဲမှာ အရက် ၊ ဝီစကီ ၊ ဘီယာ ၊ ဝိုင် ၊ ကော့တေး ၊ ဗော့ကာ ၊ အစရှိတဲ့ alcohol တွေက မပါမဖြစ်ပါပဲ။ သူငယ်ချင်းတွေ ဆုံတွေ့ရင်းပဲဖြစ်စေ ၊ ညစာစားပွဲတွေမှာပဲဖြစ်စေ ၊ စကားဝိုင်းတွေမှာပဲဖြစ်စေ alcohol တစ်မျိုးမဟုတ် တစ်မျိုးနဲ့ ထိတွေ့လာကြပါတယ်။ ငယ်စဉ်ကတော့ လူကြီးတွေက အရက်သောက်တာမကောင်းဘူး လို့ ဆုံးမ ကြပေမယ့် အသက်ကြီးပိုင်းဝင်လာတဲ့အခါမှာတော့ ကြိုက်လို့ဖြစ်စေ ၊ မကြိုက်လို့ပဲဖြစ်စေ သောက်သုံးတတ်လာကြတာ အမှန်ပါပဲ။ အရက်သောက်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ မကောင်းတဲ့အရာတွေကို သိကြပေမယ့် alcohol ပါဝင်တဲ့ အရာတွေ သောက်သုံးမိတာက ဘယ်လိုသက်ရောက်မှုမျိုး ဖြစ်စေနိုင်သလဲ ၊ […]
နို့ နဲ့ နို့ထွက်ပစ္စည်းများ စားသုံးခြင်းရဲ့ ကောင်းကျိုး ဆိုးကျိုးများ။
နို့ နဲ့ နို့ထွက်ပစ္စည်းတွေကို ကမ္ဘာတစ်ဝှမ်းမှာ နေ့စဉ်နဲ့ အမျှ နေရာအမျိုးမျိုးမှာ ပုံစံအမျိုးမျိုးနဲ့ စားသုံးနေကြပါတယ်။ ဒိန်ချဉ် ၊ ဒိန်ခဲ ၊ ချိစ် ၊ နွားနို့ ကနေစပြီးတော့ ကိတ်မုန့် ၊ ပေါင်မုန့် စသည်အထိ နို့ နဲ့ နို့ထွက်ပစ္စည်းတွေ ပါဝင်နေကြပါတယ်။ နို့ နဲ့ နို့ ထွက်ပစ္စည်းများဟာလည်း နေရာအနှံ့အပြားမှာလွယ်လွယ်ကူကူ ဝယ်ယူရရှိနိုင်ပါတယ်။ ကျွန်တော်တို့ ငယ်စဉ်ကတည်းက အစာအာဟာရ အုပ်စုတွေ အကြောင်းသင်ကြားခဲ့တဲ့နေရာမှာလည်း နို့ နဲ့ နို့ထွက်ပစ္စည်းများ အကြောင်းကိုသင်ယူခဲ့ရသည်အထိ နို့ နဲ့ နို့ထွက်ပစ္စည်းများဟာ ကျွန်တော်တို့ နေ့စဉ်ဘဝတွေကို သက်ရောက်မှု ရှိပါတယ်။ ဒီနေ့မှာတော့ နို့ နဲ့ နို့ထွက်ပစ္စည်းတွေကို စားသုံးတဲ့အခါမှာ ကျွန်တော်တို့ အပေါ်ကို သက်ရောက်နိုင်တဲ့ […]
ခေါင်းကိုက်တဲ့အခါ အလျှင်မြန်ဆုံးသက်သာပျောက်ကင်းစေဖို့
ကျွန်တော်တို့ဟာ အနည်းနဲ့အများတော့ ခေါင်းကိုက်ခြင်းဝေဒနာကို ခံစားဖူးကြမှာပါ။ ခေါင်းကိုက်တယ် ဆိုရာမှာလည်း အကြောင်းအမျိုးမျိုးပေါ်မူတည်ပြီး တစ်ခုနဲ့ တစ်ခု ကွဲပြားပါတယ်။ အိပ်ရေးပျက်တာ ၊ ပင်ပန်းတာ ၊ နေပူတာ ၊ အဖျားရှိတာ ၊ အားနည်းတာ ၊ စိတ်ဖိဆီးမှုများတာ စတာတွေကြောင့် ခေါင်းကိုက်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ခေါင်းကိုက်ခြင်း ဝေဒနာကို ခံစားရတဲ့အခါမျိုးမှာ ကိုယ်လုပ်နေတဲ့ လုပ်ငန်းဆောင်တာတွေကို တွင်တွင်ကျယ်ကျယ်မလုပ်နိုင်တော့ပဲ ဝေဒနာကို ခံစားရတာမို့ အလုပ်လည်း မတွင် လူလည်း ဝေဒနာခံစားရပါတယ်။ ဒါကြောင့်မို့လို့ ခေါင်းကိုက်ဝေဒနာကို ခံစားရတာအခါ အမြန်ဆုံး သက်သာပျောက်ကင်းစေနိုင်မယ့် နည်းလမ်းလေးတွေကို ဝေမျှပေးချင်ပါတယ်။ ၁။ အလင်းအရောင်နည်းပြီး တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမှာအနားယူပါ။ ဆူညံသံတွေ ၊ လူတွေ ၊ အလင်းရောင်များလွန်းတာတွေဟာ ခေါင်းကိုက်ဝေဒနာခံစားရတဲ့အခါမှာ ဝေဒနာကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ […]
Immune System အကြောင်း သိကောင်းစရာ နဲ့ ပိုမိုကောင်းမွန်စေနိုင်မယ့် အချက်လေးများ
(Unicode) Immune System ဆိုတာဟာ ကျွန်တော်တို့ ကိုယ်ထဲမှာ ရှိတဲ့ ကိုယ်ခံအားစနစ်ကို ခေါ်တာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ကိုယ်ခံအား စနစ်ဟာ ပြင်ပကနေဝင်ရောက်လာနိုင်တဲ့ ရောဂါပိုးတွေ ၊ ဘက်တီးရီးယားတွေ ၊ မှိုတွေ ၊ အမှုန်အမွှားတွေ နဲ့ အဆိပ်အတောက်တွေကို ခန္ဓာကိုယ်ထဲ အလွယ်တကူ ဝင်ရောက်လာပြီး ဒုက္ခမပေးနိုင်ဖို့ တားဆီးပေးတာပဲဖြစ်ပါတယ်။ ကိုယ်ခံအားစနစ်ဟာခန္ဓာကိုယ်ရဲ့ မတူညီတဲ့ အစိတ်အပိုင်းတွေ ၊ ဆဲလ်တွေ ၊ ပရိုတင်းတွေ နဲ့ ဖွဲ့စည်းပြီး အတူတကွလုပ်ဆောင်တဲ့ လုပ်ဆောင်မှုတစ်ခုပါ။ ကိုယ်ခံအားနည်းတဲ့ အခါ ဒါမှမဟုတ် ကိုယ်ခံအားကျသွားတဲ့အခါမှာ ပြင်ပကနေဝင်ရောက်လာတဲ့ အရာတွေက ခန္ဓာကိုယ်ကို အလွယ်တကူပဲ ဒုက္ခပေးနိုင်ပါတယ်။ ဥပမာ – ရာသီပေါ်တုတ်ကွေးဖြစ်ရခြင်းဟာ ထိုရာသီမှာဖြစ်ပေါ်တဲ့ မှိုတွေ ၊ အမှုန်အမွှားလေးတွေဟာ […]
HIV ရောဂါပိုး အကြောင်း သိကောင်းစရာ အချက်ကလေးများ
(unicode) HIV ပိုးဟာ ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ ကိုယ်ခံအားကို သီးသန့်တိုက်ထုတ်တဲ့ ရောဂါပိုးတစ်မျိုးပဲ ဖြစ်ပါတယ်။ HIV ပိုးရဲ့ အရှည်ကောက်ကို Human Immunodeficiency Virus လို့ခေါ်ပြီး HIV ရောဂါပိုးဟာ ၁၈၀၀ ပြည့်နှစ်များက ချင်ပန်ဇီမျောက်တွေဆီကနေမှ တစ်ဆင့်လူသားတွေဆီကို ကူးစက်လာတယ်လို့ လေ့လာတွေ့ရှိကြပါတယ်။ ပထမဦးဆုံး လူသားမှာတွေ့ရှိခဲ့တဲ့ HIV ရောဂါပိုးကို ၁၉၅၉ ခုနှစ် ၊ ကွန်ဂိုနိုင်ငံမှာ ရှိတဲ့ အမျိုးတစ်ယောက်ဆီက သွေးနမူနာမှာတွေ့ရှိခဲ့ပါတယ်။ HIV ရောဂါပိုးဟာ သွေးကနေ တစ်ဆင့်ကူးစက် နိုင်ပြီးတော့ ယခုအချိန်ထိ ပျောက်ကင်းအောင် ကုသနိုင်တဲ့ ဆေးဝါးမရှိသေးတဲ့ ရောဂါပိုးအမျိုးစားတစ်မျိုးပါ။ HIV ရောဂါပိုးက ခန္ဓာကိုယ်ထဲ ဝင်ရောက်လာတဲ့အခါမှာတော့ တခြားသောရောဂါပိုးများ နဲ့ ပြင်ပ အရာတွေကို တိုက်ထုတ်ပေးနေတဲ့ ဆဲလ်တွေကို […]