ကိုယ့်ကိုဆွဲချနေသော အကျင့်များ (သို့) အောင်မြင်မှုလမ်းစပေါ်က အဟန့်အတားများ
ကျွန်တော်တို့ရဲ့ နေ့တစ်ဓူဝအကျင့်စရိုက်တွေ စိတ်နေစိတ်ထားတွေဟာ ကျွန်တော်တို့ရဲ့ အနာဂတ်အပေါ်မှာ သက်ရောက်မှု များစွာရှိပါတယ်။ စည်းစနစ်တကျ နဲ့ ပုံမှန်တည်ဆောက်ပြီး လည်ပတ်နေတဲ့သူဟာ အနာဂတ်ဟာ တည်ငြိမ်မှုရှိသလို စည်းစနစ်မရှိပဲ ပရမ်းပတာ လှုပ်ရှားသွားလာနေရင်တော့ ကျွန်တော်တို့ရဲ့ အနာဂတ်ပန်းတိုင်ဟာ တည်ငြိမ်မှုမရှိပဲ အရလှမ်းနိုင်ဖို့ ခဲယဉ်းနေပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ နေ့တစ်ဓူဝ အကျင့်စရိုက်တွေ ၊ စိတ်နေစိတ်ထားတွေဟာ ကိုယ့်အနာဂတ်ရဲ့ အခြေခံအုတ်ချပ်တွေဖြစ်တာကြောင့် သေချာ ဂရုတစိုက်ပြုပြင်တည်ဆောက်ဖို့လိုပါတယ်နော်။ ဒီကနေ့မှာတော့ ဗဟုသုတကနေပြီး ကျွန်တော်တို့ကို အောင်မြင်မှုတွေ ၊ အိမ်မက်တွေ ၊ ပန်းတိုင်တွေနဲ့ အလှမ်းဝေးစေမယ့် အကျင့်စရိုက်တွေ အကြောင်းကို ဝေမျှပေးသွားပါမယ်။ စိတ်အလိုလိုက်တာ (သို့မဟုတ်) ကိုယ့်ဘာသာစောင့်ထိန်းနိုင်စွမ်းမရှိတာ… ကျွန်တော်တို့ စိတ်ရော ခန္ဓာကိုယ်ရောဟာ သက်တောင့်သက်သာဖြစ်မှုကို အင်မတန် နှစ်ခြိုက်ပါတယ်။ သက်တောင့်သက်သာနေချင်တယ်။ အေးအေးလူလူနေချင်ကြတယ်။ ဒါတွေဟာ သဘာဝပဲ […]
Toxic Person (သို့မဟုတ်) ပတ်ဝန်းကျင်ကို အဆိပ်အတောက်ဖြစ်စေကြသူများ
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အင်မတန်ကို စိတ်ရှုပ်စရာ ၊ စိတ်ညစ်ညူးစရာကောင်းတဲ့သူတွေကို မကြာခဏတွေ့ဖူးကြပါလိမ့်မယ်။ တစ်ယောက်နဲ့ တစ်ယောက် စိတ်ညစ်ညူးစရာကောင်းပုံခြင်းက တူညီချင်မှ တူညီကြပေမယ့် သေချာကြည့်တဲ့အခါ သူတို့မှာ တူညီတဲ့ အကျင့်စရိုက်တွေ ၊ ပုံစံတွေ ရှိနေတာကို သတိထားမိ ပါလိမ့်မယ်။ ဒီလူတွေဟာ မိမိကိုယ်ကို သိသိရဲ့နဲ့ ဖြစ်စေ ၊ မသိလို့ပဲဖြစ်စေ အဆိပ်အတောက်ဖြစ်ပြီး ပတ်ဝန်းကျင်ကို အဆိပ်ခပ်မိနေကြသလို ဖြစ်နေတတ်ပါတယ်။ ဒီကနေ့မှာတော့ ဗဟုသုတကနေပြီး ပတ်ဝန်းကျင်မှာ မြင်တွေ့ရနေကြ toxic person လို့ခေါ်တဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ သူတွေရဲ့ အမူအကျင့်နဲ့ အကြောင်းအရာတွေကို ဝေမျှပေးသွားပါမယ်နော်။ သူတို့ဟာ တစ်ဖက်သူ တစ်ဖက်အရာတွေကို ထိန်းချုပ်လိုစိတ်ပြင်းထန်တယ်။ ကျွန်တော်တို့ဟာ အနည်းနဲ့အများတော့ ကိုယ့်ပတ်ဝန်းကျင်ကသူတွေ ၊ အရာတွေကို ကိုယ်လိုချင်တဲ့ပုံစံ ၊ ကိုယ်လိုအပ်တဲ့ […]
နည်းပညာနဲ့ဆက်စပ်ပြီး ဝင်ငွေအကောင်းဆုံး အလုပ်အကိုင်များ
ကျွန်တော်တို့ဟာ နည်းပညာတွေ တိုးတက်မှု မြန်ဆန်တဲ့ ခေတ်ကာလကြီးမှာ ရှင်သန်နေကြရပါတယ်။ ယခုလို ခေတ်ကာလကြီးမှာ အရင်ကလို ကိုယ်ကာယသုံးပြီး လုပ်ကိုင်ရတာထက် ဉာဏကို ကိုသုံးပြီး လုပ်ကိုင်ကြရတာပိုမိုများပြားပါတယ်။ ဒါ့အပြင် ခေတ်ရေစီးကြောင်းအရ နည်းပညာပိုင်းဆိုင်ရာတွေကို ကောင်းမွန်စွာ အသုံးချတတ်တဲ့သူတွေကို အများအပြားလိုအပ်နေပြီး ဒီနေရာတွေကို လုပ်ကိုင်နိုင်ဖို့ဟာ ကျွမ်းကျင်ခိုင်မာတဲ့ အရည်အချင်းတွေရှိဖို့ လိုအပ်တာမို့ နည်းပညာပိုင်းဆိုင်ရာတွေနဲ့ ပတ်သတ်တဲ့ အလုပ်တွေဟာ အမြဲတမ်းဝင်ငွေကောင်းနေတဲ့ အလုပ်တွေထဲက တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဗဟုသုတကနေပြီးတော့ နည်းပညာရေးဆိုင်ရာကဏ္ဍကနေ ဝင်ငွေအများဆုံးရရှိနိုင်တဲ့ အလုပ်အချို့ကို ဝေမျှပေးသွားပါမယ်နော်။ ၁။ Developers နည်းပညာပိုင်းဆိုင်ရာတွေနဲ့ ပြောရရင်တော့ developers တွေဟာ မပါမဖြစ်ပါပဲ။ ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေကြ Social Media Platform တွေကနေပြီး နည်းပညာပိုင်းဆိုင်ရာ ပတ်သတ်သမျှဟာ developers တွေရဲ့ ဖန်တီးရေးဆွဲမှုတွေကနေပေါ်ပေါက်လာတာပါ။ […]
Moody ဖြစ်နေတဲ့အခါ
Mood ဖြစ်နေတယ်ဆိုတဲ့ စကားကို Social Media မှာ မြင်ဖူးတွေ့ဖူးကြမှာပါ။ စိတ်ပင်ပန်းနေတာ ၊ စိတ်ဖိဆီးနေတာ ၊ စိတ်ဓာတ်ကျနေတဲ့အခါတွေမှာ သုံးနှုံးကြပါတယ်။ ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ နေ့ရက်တိုင်းက လန်းဆန်းတက်ကြွဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တစ်ခါတစ်လေမှာ စိတ်ပင်ပန်းနေတာတွေ ၊ စိတ်ဖိဆီးတာတွေကြောင့် စိတ်ဓာတ်ကျသလိုမျိုးဖြစ်တတ်ပါတယ်။ ဒီလိုမျိုးဖြစ်တဲ့အခါမှာ လူကထိုင်းမှိုင်းပြီးတော့ နေလို့ထိုင်လို့မကောင်းပဲ ကိုယ်လုပ်စရာရှိတာတွေမလုပ်နိုင်တော့ပဲ လူက စိတ်တွေထွေပြီး လေနေလေ့ရှိပါတယ်။ ဒီနေ့မှာတော့ ဗဟုသုကနေ ဒီလိုမျိုးဖြစ်တဲ့အခါ ဘယ်လိုမျိုးကျော်ဖြတ်နိုင်မလဲဆိုတဲ့ နည်းလမ်းလေးတွေ မျှဝေပေးသွားပါမယ်။ ကိုယ်လက်လှုပ်ရှားမှုတစ်ခုပြုလုပ်ပါ။ ဘာမှမလုပ်ပဲ နေနေခြင်းက ပိုပြီးဆိုးစေပါတယ်။ ငြိမ်နေတဲ့အတွက် သွေးလေလှုပ်ရှားမရှိတော့ပဲနဲ့ ပိုပြီးထိုင်းမှိုင်းစေပါတယ်။ အဲ့ဒါကြောင့်မို့လို့ ကိုယ်ဟာ ဘာမှမလုပ်ပဲနေနေမယ့်အစား လမ်းထလျှောက်တာမျိုး ၊ လေ့ကျင့်ခန်းလုပ်တာမျိုး အစရှိတာမျိုးလုပ်ကြည့်ပါ။ ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်းဟာ Endorphins ကို ထွက်စေပါတယ်။ Endorphins […]
တစ်စုံတစ်ယောက်ကို အတိတ်မှာ ချန်ထားခဲ့ခြင်း ( သို့ ) Move On လုပ်နိုင်ဖို့အတွက် ..
ကျွန်တော်တို့မှာ မေ့ပျောက်ချင်တဲ့ အကြောင်းအရာတွေ ၊ အမှတ်တရတွေ ၊ အတိတ်တွေ ကိုယ်စီရှိကြမှာပါပဲ။ မေ့ပျောက်နိုင်ဖို့ဆိုတာထက် အခုလက်ရှိအချိန်ထိ အတိတ်ကဖြစ်ရပ်တွေဟာ ကိုယ့်ကို လာရောက်သက်ရောက်နေတာ။ ကိုယ်က သတိရနေတာ ၊ စိတ်ထဲမှာ စွဲလန်းနေတာတွေဟာ အရှေ့ကို ဆက်မယ့် ခရီးတစ်ခုအတွက် ကြီးမားတဲ့ အနှောက်အယှက်တစ်ခုပါ။ တစ်ချို့လူတွေဟာ လွယ်လွယ်ကူကူပဲ ဖြတ်ကျော်လာနိုင်ပေမယ့် တော်တော်များများဟာ အတိတ်က တစ်စုံတစ်ယောက် ဒါမှမဟုတ် တစ်စုံတစ်ခုကို မေ့ပျောက်ပြီး အရှေ့ဆက်လာနိုင်ဖို့ဆိုတာ ခက်ခဲတတ်ပါတယ်။ ဒီလိုမျိုးခက်ခဲတဲ့သူတွေအတွက် ဘယ်လိုမျိုး လုပ်ဆောင်သင့်သလဲဆိုတဲ့ အချက်ကလေးတွေကို ဗဟုသုတကနေပြီး မျှဝေပေးချင်ပါတယ်။ အတိတ်ကို အတိတ်မှာပဲချန်ခဲ့ပါ။ ဒီအချက်ကတော့ အားလုံးအတွက် အခြေခံအကျဆုံးဖြစ်ပါလိမ့်မယ်။ ဖြစ်ပြီးတဲ့ ကိစ္စတွေကို ပြင်လည် ပြုပြင်လို့မရပါဘူး။ အတိတ်က ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေဟာ ဖြစ်ခဲ့ပြီးပါပြီ။ ကိုယ်ပြန်လည်ပြင်ဆင်လို့မရတဲ့ ဖြစ်ရပ်တွေဆိုတာကို […]
စိတ်ကျမှုတွေ ကြုံလာရတဲ့အခါ
ကျွန်တော်တို့တွေမှာ စိတ်ဓာတ်ကျတဲ့ အချိန်တွေဆိုတာရှိတတ်ကြပါတယ်။ ကိုယ့်ကို သက်ရောက်လာတဲ့ ပတ်ဝန်းကျင်ဖိအားတွေ ၊ ကိုယ်မလုပ်နိုင်တဲ့အခါ ကြုံလာရတဲ့ အခြေအနေတွေ ၊ စိတ်ပင်ပန်းစရာတွေ များပြားလာတဲ့အခါမှာဘယ်လောက်ပဲ သန်မာတယ်ပြောပြော အနည်းနဲ့ အများတော့ စိတ်ဓာတ်ကျလာကြမှာ ပါပဲ။ တစ်ချို့တွေဟာ စိတ်ဓာတ်ကျတဲ့ အခြေအနေကို ဖြတ်ကျော်လာနိုင်ကြပေမယ့် တစ်ချို့တွေကတော့ ဘဝကြီးကို အရှုံးပေးလိုက်တတ်ကြပါတယ်။ စိတ်ဓာတ်ကျတဲ့ အခါ ဘဝကြီးကို အရှုံးပေးလိုက်ရခြင်းဟာ မှန်ကန်တဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူး။ ကိုယ့်ဘဝကြီးကို အရှုံးပေးပြီး ထွက်သွားပေမယ့် ကျန်ခဲ့တဲ့ မိသားစုဝင်တွေ ၊ ကိုယ့်ကိုချစ်တဲ့သူတွေကို ဒီလိုမျိုး ဥပေက္ခာပြုပြီးထွက်သွားတာဟာ တစ်ကိုယ်ကောင်းဆန်တဲ့ လုပ်ရက်တစ်ခုမျိုးပဲဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ ဒီကနေ့မှာတော့ စိတ်ဓာတ်ကျတဲ့အခါ ဘယ်လိုမျိုး ပြန်လည်ကုစားနိုင်မလဲ ၊ စိတ်ဓာတ်ကျတဲ့သူတွေကို ဘယ်လိုမျိုး ဖေးမ ကူညီနိုင်မလဲဆိုတာကို ဗဟုသုတကနေပြီးတော့ ဝေမျှပေးသွားပါတယ်။ […]
မီးလောင်ရာ လေပင့်တတ်တဲ့ အကျင့်စရိုက် (သို့) လွယ်လင့်တကူ အပြစ်တင်ခြင်း
ကျွန်တော်တို့ လုပ်ငန်းခွင်မှာပဲဖြစ်စေ ၊ ပတ်ဝန်းကျင်မှာပဲဖြစ်စေ တအားကို အပြစ်တင်တတ်တဲ့သူတွေ ကို ကြုံတွေ့ခဲ့ရဖူးပါလိမ့်မယ်။ ရံဖန်ရံခါမှာ ကိုယ့်ဘာသာတောင် မသိပဲနဲ့ ကိုယ်ဟာ ဒီလူတွေထဲမှာ ပါဝင်သွားတတ်ပါတယ်။ အခုလိုမျိုး အခက်အခဲတွေ စိတ်ဖိဆီးစရာတွေများပြားလာတဲ့အချိန် ၊ အခြေအနေ အရပ်ရပ်က ခက်ခဲတဲ့အချိန် ၊ ကိုယ့်အတွက် ဖိအားတွေများလာတဲ့အချိန်တွေမှာ လူတွေဟာ အလွယ်တကူ အပြစ်တတ်ကြပါတယ်။ ဒီလိုအပြစ်တင်လိုက်ခြင်းအားဖြင့် ကိုယ့်ပြဿနာတွေအပေါ်ခံစားနေရတဲ့ ဝန်တွေပေါ့သွားတယ်လို့ ထင်တတ်ကြပေမယ့် တကယ်တမ်းမှာ ပြဿနာတွေဟာ ပြေလည်သွားတတ်တာမျိုးမဟုတ်ပါဘူးနော်။ ဒါ့ကြောင့်မို့လို့ ဒီနေ့မှာတော့ အပြစ်တင်ခြင်းဟာ တကယ်တမ်း အကျိုးရှိ ၊ ကောင်းမွန်တတ်တဲ့ အကျင့်တစ်ခုလားဆိုတာကို ဗဟုသုတနဲ့ အတူတူ စဉ်းစားကြည့်ရအောင်နော်။ ၁။ အပြစ်တင်လိုက်ခြင်းဟာ ဖြေရှင်းနည်းတစ်ခုမဟုတ်ပါဘူး။ ကိုယ့်ခံစားနေရတဲ့ ဖိအားတွေကို တစ်ခြားသူတစ်ယောက်ကို ပုံချလိုက်တာ ၊ အာရုံပြောင်းလိုက်တာ ၊ […]
ပိရမစ်တွေရဲ့ စိတ်ဝင်စားဖွယ် အချက်အလက်များ
အီဂျစ်နိုင်ငံ ပိရမစ်တွေဟာ ကမ္ဘာကျော်ပြီး ထင်ရှားပါတယ်။ ဒါ့အပြင် သူနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေဟာလည်း မယ်မယ်ရရ သိရတာမျိုးတွေ မရှိပဲ လူတွေရဲ့ ထင်ကြေးတွေ ၊ ခန့်မှန်းချက်တွေနဲ့ ပြည့်ဝနေပါတယ်။ တစ်ချို့က ဖာရိုဘုရင်တွေရဲ့ အုတ်ဂူတွေလို့ ဆိုကြတယ်။ တစ်ချို့တွေကတော့ ဒါဟာ တခြားဂြိုလ်က သက်ရှိတွေနဲ့ အဆက်အသွယ်ရှိလို့ ဆိုကြတယ်။ တစ်ချို့တွေကတော့ ဒါတွေဟာ ကြယ်တွေ နက္ခတ်တွေကို လေ့လာဖို့ဆိုပြီး ပြောကြတယ်။ ဘယ်လိုပဲဖြစ်ပါစေ အခုခေတ်မှာတောင် ပြန်လည်တည်ဆောက်ဖို့ ခက်ခဲနေတဲ့ ပိရမစ်ကြီးတွေကို လွန်ခဲ့တဲ့ နှစ်ရာထောင်ချီက တည်ဆောက်နိုင်ခဲ့တာကတော့ အင်မတန်ကို နားလည်ရခက်သလို စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တစ်ခုဆိုတာ ငြင်းဆိုဖွယ်ရာမရှိပါဘူး။ ဒီကနေ့မှာတော့ ဗဟုသုတကနေပြီးတော့ ပိရမစ်တွေနဲ့ ပတ်သတ်တဲ့ စိတ်ဝင်စားဖွယ်ရာအချက်အလက်ကလေးတွေကို ရှာဖွေလေ့လာပြီး ဝေမျှပေးသွားပါမယ်။ ၁။ အီဂျစ်မှာရှိတဲ့ ပိရမစ်အရေအတွက်ဟာ […]
ဝမ်းနည်းစိတ်ပျက်ဖွယ်ရာတွေနဲ့ ကြုံတွေ့ရတဲ့အခါ
ကျွန်တော်တို့ ဘဝမှာ အမြဲတမ်း ပျော်စရာ ၊ စိတ်ခွန်အားဖြစ်ရာ ၊ သတင်းကောင်းတွေချည်း ရှိနေမှာမဟုတ်ပါဘူး။ တစ်ခါတစ်လေမှာ ကျွန်တော်တို့ ဝမ်းနည်းပူဆွေးရမယ်။ စိတ်ပင်ပန်းရမယ်။ စိတ်ထိခိုက်ရမယ်။ အစရှိတဲ့ အခိုက်အတန့်တွေကို ရင်ဆိုင်ကြုံတွေ့ပြီး ဖြတ်သန်းရမှာပဲဖြစ်ပါတယ်။ ဒီလို ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ ဘယ်လိုမျိုး အကောင်းဆုံး ရင်ဆိုင်သွားရမလဲ ပြီးရင် ဘာဆက်လုပ်ကြရမလဲဆိုတာကို ဗဟုသုတကနေပြီးတော့ ဒီကနေ့မှာ ဝမ်းနည်းစိတ်ပျက်ဖွယ်ရာတွေနဲ့ ကြုံတွေ့ရတဲ့အခါဆိုပြီး ဝေမျှပေးသွားပါမယ်။ ဝမ်းနည်းစိတ်ပျက်ခံစားရတဲ့အခါ ခံစားချက်တွေကို လက်ခံပါ။ ကိုယ်ဝမ်းနည်းနေတယ်။ ကိုယ်အရမ်းစိတ်ပျက်မိတယ်။ စိတ်မကောင်းဖြစ်တယ်။ လက်ခံလိုက်ပါ။ ကိုယ့်ခံစားချက်တွေကို အခုချိန်မှာ တွန်းလှန်နေလို့ အကျိုးမရှိပါဘူး။ အခုချိန်မှာလည်း ကိုယ့်ကိုကိုယ် ဖိအားပေးနေလို့လည်း ဘာမှထူးခြားမလာပါဘူး။ ဒါ့ကြောင့်မို့ လက်ခံလိုက်ပါ။ ကိုယ့်ရဲ့ဝမ်းနည်းပူဆွေးမှုတွေ၊ စိတ်ပျက်စရာတွေကို ခံစားရတဲ့အတိုင်းလက်ခံလိုက်ပါ။ ကိုယ့်ရဲ့ခံစားချက်တွေအတွက် အချိန်ယူပါ။ ခံစားချက်တစ်ခုက အမြဲတမ်းရှိမနေပါဘူး။ အချိန်အတိုင်းအတာ […]
ရွေးခြယ်စရာများတဲ့ နေထိုင်မှုဘဝပုံစံများ
ကိုယ်ဟာ တစ်နေ့နေ့မှာ ဘာဖြစ်ရမယ်ဆိုတဲ့ အတွေးတွေရှိပါသလား။ ဒါမှမဟုတ် ကိုယ်ဟာ အနားယူတော့မယ့်အချိန်မှာ ဘယ်လို ဘဝလေးတစ်ခုမှာပဲ ဖြတ်သန်းတော့မယ်ဆိုပြီး တော့ စိတ်ကူးထားတာရှိပါသလား။ ဒါမှမဟုတ် ကိုယ်ဖြတ်သန်းချင်တဲ့ ဘဝနေထိုင်မှုပုံစံတွေကိုကော သိထားပြီးပြီလား။ မသိသေးတဲ့ သူတွေရှိရင် ဒီနေ့မှာတော့ ဗဟုသုတကနေပြီး ရွေးခြယ်မှုများတဲ့ နေထိုင်မှုဘဝပုံစံတွေအကြောင်းကို ဝေမျှပေးသွားပါမယ်နော်။ Active Lifestyle Extrovert လေးတွေအတွက် အဆင်ပြေနိုင်တဲ့ နေထိုင်မှု့ဘဝပုံစံတစ်မျိုးပါပဲ။ အမြဲတမ်း ခွန်အားတွေ ၊ စွမ်းအင်တွေ အပြည့်ရှိနေမယ်။ အမြဲတမ်း လှုပ်ရှားမှုတွေရှိနေမယ်။ အမြဲတမ်း ပတ်ဝန်းကျင်တဲ့ထိတွေ့ဆက်ဆံ မှုတွေရှိတယ်။ ဘယ်နေရာ ဘယ်ပတ်ဝန်းကျင်မှာမဆို ကိုယ်ဟာအများနဲ့ ပေါင်းသင်းဆက်ဆံနိုင်ပြီး ကိုယ်စိတ်ဝင်စားတဲ့ ကိစ္စတွေကို အမြဲတမ်း အားတက်သရော်လုပ်နိုင်ပါတယ်။ ကိုယ့်မှာ ခွန်အားရှိနေသ၍ ကိုယ်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေက အမြဲတမ်း အားအင်တွေနဲ့ အများအမြင်မှာ ကိုယ်ဟာ […]