Bahuthuta Corner.com

အမျိုးသမီးတွေဟာ ထင်သလောက် အရေးပါရဲ့လား ? (သို့) 

အမျိုးသားတွေလောက် စွမ်းဆောင်ရည်မြင့်မားပါသလား ?  အမျိုးသမီးတွေဟာ ကမ္ဘာလောကကြီးမှာ ထင်သလောက်အရေးပါရဲ့လား။ သူတို့ရဲ့ စွမ်းဆောင်ရည်တွေက တကယ်တမ်းရော အမျိုးသားတွေလောက် မြင့်မားသလား။ အမျိုးသားတွေလိုကော ဦးဆောင်နိုင်စွမ်းတွေ ၊ ရပ်တည်နိုင်စွမ်းတွေရှိသလား။ အမျိုးသမီးတစ်ယောက်ဟာ အိမ်ထောင်ဖက် ကောင်းကောင်းရှာပြီး အိမ်မှုကိစ္စလုပ်ဖို့ပဲ အရေးပါတာမဟုတ်ဘူးလား။ မိန်းမ တစ်ယောက်ရဲ့ အခန်းကဏ္ဍဟာ အိမ်မှာပဲရှိတယ်။ အစရှိတဲ့ စကားတွေ ၊ အသုံးအနှုန်းတွေ ၊ အတွေးအခေါ်တွေကို ကျွန်တော်တို့ အနေနဲ့ တစ်မျိုး မဟုတ် တစ်မျိုး ကြားဖူး ၊ မြင်ဖူးနေကြမှာပါ။ အထူးသဖြင့် ကျွန်တော်တို့ရဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ အခုချိန်ထိ တွင်တွင်ကျယ်ကျယ်ကို တွေ့နိုင်မြင်နိုင်နေဆဲပါပဲ။ ဒီကနေမှာတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေလို တကယ်ပဲ စွမ်းဆောင်ရည်ရှိသလားဆိုတာကို ရေးသားဖော်ထုတ်ပေးသွားပါမယ်။  ပထမဦးဆုံး ရေးသားမယ်ဆိုရင် ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာလောကကြီးဟာ […]

ကမ္ဘာ့အလှဆုံးကမ်းခြေများ 

ကျွန်တော်တို့ စာဖတ်သူတွေထဲမှာ ကမ်းခြေတွေကို ကြိုက်နှစ်သက်တဲ့သူတွေရှိပါသလား။ ဘာကြောင့် ကမ်းခြေတွေကို သဘောကျတာပါလဲ။ ပင်လယ်ပြာကြီးကြောင့်လား ၊ သဲသောင်ပြင်တွေကြောင့်လား ဒါမှမဟုတ် နေဝင်ချိန်ဆည်းဆာကို ကြည့်ရတာ သဘောကျတာလား ၊ ညအခါမှာ ကမ်းခြေကနေ ကြယ်တွေကို ကြည့်ရတာကြိုက်တာလား။ ကမ်းခြေတွေရောက်လို့ရှိရင်ကော ဘယ်လိုမျိုး နေထိုင်ရတာ သဘောကျပါသလဲ။ ရေကူးရတာလား ၊ သဲသောင်ပြင်မှာ လမ်းလျှောက်ရတာလား။ ဒီကနေ့မှာတော့ ကမ်းခြေတွေကို ချစ်တဲ့သူတိုင်းအတွက် ပုံလေးတွေ မြင်တာနဲ့တင် သွားချင်စိတ်တွေ တဖွားဖွားဖြစ်ပေါ်လာစေမယ့် ကမ္ဘာ့အလှဆုံးကမ်းခြေတွေကို ဝေမျှပေးသွားပါမယ်။  Saud Beach ( Philippines )  Saud Beach ဟာ အာရှတိုက်တစ်ခွင်လုံးမှာ အလှပဆုံးသော ကမ်းခြေလို့ တင်စားခံထားရတဲ့ ကမ်းခြေ တစ်ခုပဲဖြစ်ပါတယ်။ Pagudpud Ilocos Norte လို့ ခေါ်တဲ့ […]

အပြစ်တင်တတ်တာ ကောင်းမွန်တဲ့ အကျင့်တစ်ခုလား 

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အပြစ်တင်ခြင်းတွေကို အနည်းနဲ့ အများတော့ ရင်းနှီးကြမှာပါ။ ကိုယ်တိုင်ကဖြစ်စေ ၊ ကိုယ့်ကို ဖြစ်စေ အပြစ်တင်တာဟာ တစ်နည်းမဟုတ်တစ်နည်း တစ်ကွေ့ကွေ့မှာကြုံဖူးကြမှာပါပဲ။ ဒါပေမယ့် တကယ်တမ်းမှာ အပြစ်တင်လိုက်တာကြောင့် ပြဿနာတွေ အဆင်ပြေသွားတယ်လို့ကော မြင်ဖူးတွေ့ဖူးကြပါသလား။ အပြစ်တင်ခြင်းဟာ တကယ်ပဲ နည်းမှန်လမ်းမှန် ဟုတ်ရဲ့လား။ အပြစ်တင်တာကြောင့် ဘယ်လိုတွေသက်ရောက်သွားနိုင်သလဲဆိုတာကိုကော တွေးမိကြဖူးပါသလား။ ဒီကနေ့မှာတော့ ဗဟုသုတကနေပြီးတော့ အပြစ်တင်တတ်တဲ့ အကျင့်ဟာ ကောင်းမွန်တဲ့ အကျင့်တစ်ခုလား ဒါမှမဟုတ် ပြုပြင်သင့်သလား ၊ ဘယ်လိုမျိုး ပိုမိုကောင်းမွန်အောင် နေထိုင်ရမလဲဆိုတာကို မျှဝေပေးသွားပါတယ်။  ကျွန်တော်တို့က အပြစ်တင်တတ်ကြပါတယ်။ လူမှန်းသိတတ်စ အရွယ်ကတည်းကနေစပြီးတော့ အသက်ကြီးပြီး အိုမင်းလာတဲ့ အထိ အပြစ်တင်ခြင်းကို ပြုလုပ်တတ်ကြပါတယ်။ အပြစ်တင်ခြင်းဟာ တကူးတက သင်ယူစရာမလိုပဲ တတ်မြောက်လာတဲ့ အကျင့်တစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် […]

အာရှတိုက်ရဲ့ လည်ပတ်မှုအများဆုံး မြို့တော်များ

ကမ္ဘာပေါ်မှာ ဒေသရှုခင်းတွေရှိတဲ့ နေရာတွေတင်မဟုတ်ပဲ လူဦးရေထူထပ်ပြီး စဉ်ဆက်မပြတ် သွားလာလှုပ်ရှားနေတဲ့ မြို့တွေ ၊ ဒေသတွေကိုလည်း လည်ပတ်ကြပါတယ်။ တစ်ချို့သူတွေဟာ ဒေသရှုခင်းတွေ ကိုကြည့်မယ် အပန်းဖြေကြမယ်ဆိုတာထက် ကိုယ့်နိုင်ငံနဲ့ နေထိုင်မှုပုံစံနဲ့ မတူညီတဲ့ မြို့ပြတွေ ၊ မြို့ပြစည်ကားမှုတွေ ၊ အစားအသောက်တွေကို စိတ်ဝင်စားကြပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ အာရှတိုက်မှာရှိတဲ့ လည်ပတ်မှုလူဦးရေအများဆုံးလို့ သတ်မှတ်ထားကြတဲ့ မြို့ကြီးတွေရဲ့ ထူးခြားချက်တွေ ၊ ခန့်မှန်းကုန်ကျစရိတ်ကျနိုင်ချေတို့ကို ဝေမျှပေးသွားပါတယ်။  ၁။ ဟောင်ကောင်  ဟောင်ကောင်မြို့ဟာ ၁၁၁၄ ကီလိုမီတာသာ ကျယ်ဝန်းပြီးတော့ လူဦးရေ ၇.၄၁၃ သန်း နေထိုင်တဲ့ မြို့တစ်မြို့ပဲဖြစ်ပါတယ်။ တရုတ်ဘာသာစကား ၊ အင်္ဂလိပ် ၊ မန်းဒရင်း ဘာသာစကားတို့ကို အဓိက အသုံးပြုတဲ့ နိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံရဲ့ အထူးအုပ်ချူပ်ခွင့်ရတဲ့ […]

Anxiety Disorder ( သို့မဟုတ် ) စိတ်ပူပင်သောကကြောင့်ကျမှုရောဂါ တစ်မျိုး 

ကျွန်တော်တို့ စိတ်ကျန်းမာရေးအကြောင်း ၊ စိတ်ရောဂါတွေ အကြောင်းပြောတဲ့အခါမှာ စိတ်ပူပင်တာ ၊ စိတ်သောက ရောက်တာ အစရှိတာတွေကမပါမဖြစ်ပါပဲ။ ဒါတင်မကပဲ စိတ်ရောဂါတွေအကြောင်း တန်းစီရေးတဲ့အခါမှာ စိတ်ပူပင်သောကကြောင့်ဖြစ်တဲ့ စိတ်ဝေဒနာ (သို့) စိတ်ရောဂါဟာ အမြဲတမ်း အရှေ့ဆုံးကနေလိုလို ပါဝင်နေတတ်ကြပါတယ်။ အရင်အပတ်က ကျန်းမာရေးနဲ့ ပတ်သတ်ပြီး စိတ်ဝေဒနာ နဲ့ စိတ်ရောဂါအကြောင်း  အကြမ်းဖျင်းဖော်ပြခဲ့ပေးပြီးပြီဆိုတော့ ဒီနေ့မှာတော့ စိတ်ပူပင်သောကမှုဆိုင်ရာ စိတ်ရောဂါအကြောင်းကို ဝေမျှပေးချင်ပါတယ်။  စိတ်ပူပင်သောကဝေဒနာတစ်မျိုး (သို့) ပူပင်သောကရောဂါ  အင်္ဂလိပ်လိုဆိုရင် Anxiety disorder လို့ ခေါ်ပြီး မြန်မာလို အလွယ်ခေါ်ရရင်တော့ စိတ်ပူပင်သောက ဖြစ်စေတဲ့ စိတ်ရောဂါတစ်မျိုးဟာ ရုပ်ပိုင်းဆိုင်ရာကော ၊ စိတ်ပိုင်းဆိုင်ရာမှာပါ သိသာထိရှားတဲ့ စိတ်ရောဂါ လက္ခာတစ်မျိုးပဲဖြစ်ပါတယ်။ အဆိုပါဝေဒနာကို ခံစားနေရတဲ့သူဟာ သာမန်ထက်ပိုတဲ့ စိတ်ပူပင်မှုတွေ ၊ […]

မိမိကိုယ်ကို လက်ခံခြင်းဆိုတာ ဘာလဲ။ 

မိမိကိုယ်ကို လက်ခံခြင်းဆိုတာဟာ ကိုယ့်ဘဝဟာ တခြားသူတွေနဲ့ ထပ်တူမကျပဲ ကိုယ့်မှာ မတူညီတဲ့ စိန်ခေါ်မှုတွေ ၊ လျှောက်လှမ်းတွေ ရှိတယ်ဆိုတာကို သိရှိပြီးတော့ ငါဟာ ဘယ်သူနဲ့မှ တူဖို့မလိုပဲ ငါဖြစ်နေဖို့ပဲ လိုတာပါ ဆိုတဲ့ အတွေးအခေါ်မျိုးပါပဲ။ အပေါ်ယံကြည့်ရင် ရှင်းလင်းပေမယ့် တကယ်တမ်းမှာတော့ ရှုပ်ထွေးပါတယ်။ ဆိုပါစို့ – ကိုယ်ဟာ လုပ်ငန်းခွင်မှာ အပြိုင်ဆိုင် ကြိုးစားရမယ့် အချိန်တစ်ခုမှာ တစ်ဖက်အသင်းက အသည်းအသန်ကြိုးစားနေပေမယ့် ငါကတော့ ကြိုးစားဖို့မလိုပါဘူး ငါ့ဘဝနဲ့ ငါပါပဲ သူနဲ့ တူမှမတူတာဆိုပြီး အလွယ်တကူ လက်လျော့ဖို့ အတွက် ဆင်ခြေတစ်ခု အနေနဲ့ သုံးလိုက်တာဟာ မိမိကိုယ်ကို လက်ခံတာမျိုးမဟုတ်ပါဘူး။ မိမိ ကိုယ်ကို လက်ခံခြင်းဆိုတာဟာ ကိုယ့်ဘဝမှာ ကြုံတွေ့ရတဲ့ ကောင်းခြင်း ၊ ဆိုးခြင်းတွေ ၊ […]

ခန္ဓာကိုယ်အစိတ်အပိုင်းနဲ့ လုပ်ဆောင်ချက်များအကြောင်း 

ကျွန်တော်တို့ ခန္ဓာကိုယ်ဟာ Cells သန်းပေါင်းများစွာနဲ့ ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ Cells တွေကမှ တစ်ဆင့် Tissues တွေဖြစ်ပေါ်လာပြီး Tissues အစုအဖွဲ့တွေကနေမှ Organs တွေ ဖြစ်လာပါတယ်။ Organs တွေ အတူတကွဖွဲ့စည်းတည်ဆောက်ပြီး အလုပ်လုပ်ဆောင်ကြတဲ့ အခါမှာ Organ Systems ဖြစ်ပေါ်လာပြီးတော့ နောက်ဆုံးမှာ Organism ဆိုပြီး သက်ရှိဖြစ်ပေါ်လာပါတယ်။ အဆိုပါ အဆင့်အဆင့် ဖွဲ့စည်းတည်ဆောက်ပုံဟာ လူတစ်မျိုးတည်းတိုင်းမဟုတ်ပဲ သက်ရှိတွေ အများစုဟာလည်း အဆိုပါ အဆင့်အဆင့် ဖွဲ့စည်းတည်ဆောက်ထားတာပါ။ ဒီနေ့မှာတော့ Organ Systems မှာပါဝင်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေနဲ့ သူတို့ တာဝန်ယူဆောင်ရွက်ထားတဲ့ လုပ်ဆောင်ချက်ကလေးများကို ဝေမျှပေးသွားပါမယ်။  ကျွန်တော်တို့ လူသားတွေရဲ့ Organ System ခန္ဓာကိုယ်အစိတ်အပိုင်းတွေဟာ ဒီခန္ဓာကိုယ်ကြီး အသက်ရှင်ရပ်တည်နိုင်အောင် အဓိက လုပ်ဆောင်ချက်တွေကို […]

အာရှတိုက်ရဲ့ ထိပ်တန်းလည်ပတ်စရာနေရာများ 

ကမ္ဘာပေါ်မှာရှိတဲ့ နေရာဒေသတွေ ၊ မြို့တွေ တိုင်းမှာ ထူးခြားလှပတဲ့ ကိုယ်ပိုင်သွင်ပြင်တွေရှိကြပါတယ်။ သဘာဝအတိုင်းရှိနေတဲ့  တောင်ကုန်းတောင်တန်းတွေ ၊ ပင်လယ်ဒေသတွေ ၊ သစ်တောတွေ ၊ ကွင်းပြင်တွေကနေပြီးတော့ လူတွေရဲ့ ဖန်တီးတည်ဆောက်မှုဖြစ်တဲ့ အဆောက်အဦးတွေ ၊ ဘုရားအဆောင်တွေ ၊ လည်ပတ်စရာနေရာတွေ အကုန်လုံးမှာ ထူးခြားပြီး သီးသန့်ဆန်တဲ့ အသွင်အပြင်တွေ ကိုယ်စီရှိကြပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ နေထိုင်ရာ အာရှတိုက်မှာ ရှိတဲ့ ထိပ်တန်းနေရာတွေလို့ ဆိုလို့ရလောက်မယ့် နေရာတစ်ချို့ကို ဗဟုသုတအနေနဲ့ ဝေမျှပေးသွားပါမယ်။  ၁။ ဖူဂျီတောင် ( ဂျပန်နိုင်ငံ )  ကျွန်တော်တို့ ဖူဂျီတောင် ဆိုတာနဲ့ ဂျပန်နိုင်ငံကို တွဲမြင်သလို ခွဲခြားလို့မရတဲ့ တောင်တစ်ခုပဲဖြစ်ပါတယ်။ ဂျပန်ရုပ်ရှင်ကားတွေ ၊ ပန်းချီကားတွေ ၊ ဓာတ်ပုံတွေထဲမှာ အင်မတန်လှပပြီးတော့ […]

Mental Disorder ဆိုတာဘာလဲ။ စိတ်ကျန်းမာရေးဆိုင်ရာသိမှတ်ဖွယ်ရာများ 

Mental Disorder ဆိုတာဘာလဲ။ မြန်မာလို ဘာသာပြန်ရရင်တော့ စိတ်ရောဂါ ၊ စိတ်ဝေဒနာ အစရှိသလို ဘာသာပြန်ဆိုလို့ရပါတယ်။ စိတ်မကျန်းမာမှုလို့လည်း ယူလို့ရပါတယ်။ စိတ်ရောဂါ (ခ) စိတ်မကျန်းမာမှုဆိုတာ အလုံးစုံ ရူးသွပ်နေတာကို ပြောဆိုတာမဟုတ်ပဲနဲ့ ကိုယ့်ရဲ့ အတွေးအခေါ်တွေ ၊ ခံစားချက်တွေ အပြုအမူတွေကို ထိခိုက်စေတယ် ၊ ပုံမှန်မဟုတ်တဲ့ အခြေအနေတွေကို သက်ရောက်နေတဲ့အခြေအနေမျိုးကို သတ်မှတ်လို့ရပါတယ်။ တစ်ချို့ စိတ်မကျန်းမာမှုအခြေအနေဟာ တစ်ရက်ချင်းစီဖြစ်နိုင်သလို တစ်ပတ် ၊ တစ်လ တန်သည်မှာ ပြန်လည်ကောင်းမွန်နိုင်ပြီး တစ်ချို့အခြေအနေတွေဟာ နှစ်ရှည်လများ ကြာမြင့်နိုင်ပါတယ်။ စိတ်ကျန်းမာရေးဟာ ခန္ဓာကိုယ်မှာလို သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ မမြင်နိုင်တာကြောင့် ရံဖန်ရံခါမှာ သတိပြုမိဖို့ ခက်ခဲပါတယ်။ ဒီကနေ့မှာတော့ စိတ်မကျန်းမာတာဟာ ၊ စိတ်ရောဂါ ၊ အစရှိတာတွေနဲ့ ပတ်သတ်ပြီးတော့ […]

ခရီးမထွက်ခင် ကျစ်ကျစ်လစ်လစ်ပြင်ဆင်ရမည့် နည်းလမ်းကလေးများ 

ကျွန်တော်တို့ ဘဝတွေမှာ ခရီးတွေများစွာ ထွက်ဖူးကြပါလိမ့်မယ်။ ကိုယ်ဟာခရီးထွက်ရတာ မကြိုက်တဲ့သူဆိုရင်တောင်မှ လုပ်ငန်းလိုအပ်ချက်အရဖြစ်စေ ၊ ကိစ္စတစ်ခုခုကြောင့်ဖြစ်စေ တစ်ခုမဟုတ်တော့ တစ်ခု ခရီးတော့သွားရမှာပဲဖြစ်ပါတယ်။ အကယ်၍ လုပ်ငန်းလိုအပ်ချက်အရ ခရီးထွက်ရတဲ့အခါ လုပ်ငန်းဘက်က စီစဉ်ပေးတာတွေရှိရင် ကိုယ့်ဘက်ထွေထွေထူးထူးပြင်ဆင်ရတာမျိုးမရှိလို့ သက်သာပေမယ့် အပျော်တမ်းခရီးတွေ ၊ လေ့လာလေးခရီးတွေ ၊ မိသားစုခရီးတွေ ထွက်တဲ့အခါမှာတော့ ကိုယ်တိုင်ကိုယ်ကျ စီစဉ်ရပါပြီ။ ဒီအခါမှာ ခရီးမထွက်ချင် ခရီးစဉ်ကို ဘယ်လိုမျိုးကျစ်ကျစ်လစ်လစ်နဲ့ အကျိုးရှိရှိသွားလို့အောင် ပြင်ဆင်နိုင်မယ့် နည်းလမ်းလေးတွေကို ဝေမျှပေးသွားပါမယ်။  ၁။ ငွေကြေးစီမံခန့်ခွဲမှုကို ကြိုတင်ပြင်ဆင်ခြင်း။  ခရီးမထွက်ခင် အရင်ဆုံးတွေးရမယ့် အရာဟာ ငွေကြေးပဲဖြစ်ပါတယ်။ ကိုယ်ဟာ ထွက်မယ့် ခရီးအပေါ်မူတည်ပြီးတော့ ကုန်ကျမယ့်စရိတ်တွေ ၊ သုံးမယ့်စရိတ်တွေကို လုံလုံလောက်လောက်ဖြစ်အောင် စီမံခန့်ခွဲဖို့အရေးကြီးပါတယ်။ ခရီးတစ်ခုထွက်တဲ့အခါ ငွေကြေးက အင်မတန်အရေးပါပါတယ်။ ကိုယ်မရောက်ဖူးတဲ့ ဒေသတစ်ခု […]