Things to know all about GED
GED ဖြေဆိုချင်ကြတဲ့သူတွေအတွက် အခုလက်ရှိမှာတော့ GED ကို ဖြေဆိုကြတဲ့ သူတွေအလွန်အမင်းများပြားလာတာပဲဖြစ်ပါတယ်။ အလွန်အမင်းများပြားလာတာနဲ့ အမျှ GED အကြောင်းကို သေချာသိတဲ့သူတွေလည်းရှိသလို GED ဆိုတာဘာလဲ ၊ ဘယ်လိုဖြေဆိုရတာလဲဆိုတာကို ရေရေရာရာမသိကြသေးတဲ့သူတွေလည်း အများအပြား ရှိကြပါလိမ့်မယ်။ ဒီနေ့မှာတော့ ဗဟုသုတကနေပြီး GED ကို ဖြေဆိုကြမယ့်သူတွေ ၊ GED ဆိုတာ ဘာလဲ မသိသေးတဲ့သူတွေအတွက် သိသားသင့်သမျှကို ဝေမျှပေးပါမယ်။ GED ဆိုတာဘာလဲ။ GED ဆိုတာက U.S က ပညာရေးအစီအစဉ်တစ်ခုပဲဖြစ်ပါတယ်။ မူလပထမကတော့ ကမ္ဘာ့စစ်အတွင်းမှာ တာဝန်ထမ်းဆောင်ရတဲ့ စစ်မှုထမ်းတွေ ပြန်တမ်းဝင်တဲ့အခါမှာ သာမန်လူနေမှု့ဘဝထဲကို ပြန်လည်ဝင်ရောက်တဲ့အခါ လစ်လပ်သွားတဲ့ ပညာရေးတွေ ၊ အသိပညာ ၊ ဗဟုသုတတွေကို အချိန်တိုအတွင်းမှာ လေ့လာသင်ယူနိုင်အောင် လုပ်ထားတဲ့အစီစဉ်တစ်ခုပဲဖြစ်ပါတယ်။ အခုနောက်ပိုင်းတွေမှာတော့ […]
ခန္ဓာကိုယ်အစိတ်အပိုင်းနဲ့ လုပ်ဆောင်ချက်များအကြောင်း
ကျွန်တော်တို့ ခန္ဓာကိုယ်ဟာ Cells သန်းပေါင်းများစွာနဲ့ ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ Cells တွေကမှ တစ်ဆင့် Tissues တွေဖြစ်ပေါ်လာပြီး Tissues အစုအဖွဲ့တွေကနေမှ Organs တွေ ဖြစ်လာပါတယ်။ Organs တွေ အတူတကွဖွဲ့စည်းတည်ဆောက်ပြီး အလုပ်လုပ်ဆောင်ကြတဲ့ အခါမှာ Organ Systems ဖြစ်ပေါ်လာပြီးတော့ နောက်ဆုံးမှာ Organism ဆိုပြီး သက်ရှိဖြစ်ပေါ်လာပါတယ်။ အဆိုပါ အဆင့်အဆင့် ဖွဲ့စည်းတည်ဆောက်ပုံဟာ လူတစ်မျိုးတည်းတိုင်းမဟုတ်ပဲ သက်ရှိတွေ အများစုဟာလည်း အဆိုပါ အဆင့်အဆင့် ဖွဲ့စည်းတည်ဆောက်ထားတာပါ။ ဒီနေ့မှာတော့ Organ Systems မှာပါဝင်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေနဲ့ သူတို့ တာဝန်ယူဆောင်ရွက်ထားတဲ့ လုပ်ဆောင်ချက်ကလေးများကို ဝေမျှပေးသွားပါမယ်။ ကျွန်တော်တို့ လူသားတွေရဲ့ Organ System ခန္ဓာကိုယ်အစိတ်အပိုင်းတွေဟာ ဒီခန္ဓာကိုယ်ကြီး အသက်ရှင်ရပ်တည်နိုင်အောင် အဓိက လုပ်ဆောင်ချက်တွေကို […]
နှလုံးရောဂါအကြောင်းသိကောင်းစရာများ
နှလုံးဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုမှာပါဝင်နေပါတယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်မှာ လိုအပ်နေတဲ့ အောက်ဆီဂျင်တွေ ၊ အာဟာရတွေကို ကိုယ်တွင်းမှာရှိတဲ့ သွေးတွေကနေ တစ်ဆင့် ခန္ဓာကိုယ်အနှံ့ကို လှည့်လည်ပို့ဆောင်ပေးနေပြီးတော့ ဒီသွေးတွေလည်ပတ်နိုင်အောင်လို့ နှလုံးက အဓိက တွန်းအားပေးပြီး လုပ်ဆောင်ပါတယ်။ နှလုံးဟာ ကျုံ့နိုင် ဆန့်နိုင်တဲ့ ကြွက်သားတွေနဲ့ ဖွဲ့စည်းထားပြီးတော့ နှလုံးကို ကျုံ့ခြင်း ၊ ဆန့်ခြင်းအားဖြင့် သွေးကြောတွေကနေ တစ်ဆင့် သွေးတွေကို တွန်းထုတ်ပြီးတော့ လည်ပတ်စေပါတယ်။ ဒါ့အပြင် အောက်ဆီဂျင်တွေ ၊ အာဟာတွေကို ပို့ဆောင်ပြီးသားဖြစ်တဲ့ ညစ်ညမ်းပြီးသား သွေးတွေကိုလည်း ပြန်လည်ယူဆောင်ပါတယ်။ ဒါ့ကြောင့်မို့လို့ ကျွန်တော်တို့ နှလုံး ဟာ ခန္ဓာကိုယ်လည်ပတ်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ ကျွန်တော်တို့ နှလုံးဟာလည်း နာမကျန်းဖြစ်တာတွေ ၊ ရောဂါခံစားရတာ […]