Bahuthuta Corner.com

GED ဖြေဆိုမယ့်အခါ ဘယ်ဘာသာကို အရင်ဆုံးဖြေဆိုသင့်သလဲ။ 

GED ဖြေဆိုမယ့် ကျောင်းသားတွေအတွက် မဖြစ်မနေ ခေါင်းထဲဝင်လာကြမယ့် မေးခွန်းဟာ ငါတို့ ဘာကို အရင် စဖြေရမလဲဆိုတာပါပဲ။ GED ဟာ ဘယ်လိုဘာသာကို ဘယ်နေ့မှာ ဘယ်တော့ စတင်ဖြေဆိုရမယ်လို့ သတ်မှတ်ထားခြင်းလည်းမရှိသလို ကန့်သတ်ထားခြင်းတွေမရှိတာကြောင့် ကိုယ်အဆင်ပြေတဲ့ ဘာသာကို ကိုယ်အဆင်ပြေတဲ့ နေ့ နဲ့ အချိန်မှာ ဖြေဆိုနိုင်ခြင်းဟာ GED ရဲ့ အားသာချက်တစ်ခုပဲဖြစ်ပါတယ်။ အားသာချက်ဆိုပေမယ့် တကယ်တမ်းဖြေဆိုဖို့အတွက် စာလုပ်ကြတဲ့အခါမှာ ဘယ်ဘာသာကို ကိုယ်တွယ်ရမလဲဆိုတာကို စဉ်းစားရင်းလမ်းတွေပျောက်တတ်ကြပါတယ်။ 

GED ကိုဖြေဆိုတော့မယ့်အခါ တစ်ချို့တွေက ကိုယ်အရဆုံးဘာသာကို ဖြေဆိုကြတယ်။ တစ်ချို့တွေကတော့ ကိုယ်အပိုင်နိုင်ဆုံးလို့ထင်တဲ့ ဘာသာကို ဖြေဆိုတတ်ကြပါတယ်။ ဒီနေရာမှာ အကြံပေးချင်တာကတော့ တကယ်တမ်း GED ကို စတင်ဖြေဆိုတော့မယ်ဆိုရင် RLA ( Reasoing Through Language Art ) ကို စတင်ဖြေဆိုဖို့ လုပ်သင့်တယ်လို့ပဲ အကြံပြုပါရစေ။ ကျွန်တော့်အကြံပြုချက်က တခြားသူတွေစဉ်းစားတာနဲ့ တူချင်မှ တူမယ် ဒါပေမယ့် ကျွန်တော့်မှာ ဒါကို အကြံပေးရခြင်း နဲ့ ပတ်သတ်ပြီး ခိုင်လုံတဲ့ အကြောင်းပြချက်ရှိပါတယ်။ 

RLA ကို လေ့လာသင်ကြားရတဲ့အခါမှာ ကျွန်တော်တို့ဟာ အင်္ဂလိပ်စာကိုပဲ သင်ကြားရတာမျိုးမဟုတ်ပါဘူး။ စာကြောင်း တစ်ကြောင်းမှာ ဒါမှမဟုတ် စာပိုဒ် တစ်ပိုဒ်မှာ ပါဝင်တဲ့ ဖွဲ့စည်းတည်ဆောက်ပုံတွေ ၊ စာရေးသူရဲ့ ဆိုလိုရင်းတွေ ၊ စကားလုံးအသုံးအနှုန်းတွေ အစရှိတာတွေအပြင် ဆက်စပ်တွေးခေါ်ရတာတွေကိုပါ သင်ကြားလေ့လာရပါတယ်။ ဒီလိုမျိုး စာဖတ်တတ်ဖို့ ၊ တွေးခေါ်တတ်ဖို့ အသေးစိတ် သင်ကြားလေ့လာရခြင်းဟာ GED ဖြေဆိုရတဲ့အခါ စာမေးပွဲအချိန်တွင်းမှာ ဖတ်ရတဲ့ စာပုဒ်အရှည်ကြီးတွေ ၊ မေးခွန်းတွေကို အလွယ်တကူပဲ နားလည်လွယ်ပြီးတော့ သူတို့ရဲ့ ဆိုလိုရင်းကို အနီးစပ်ဆုံး ဖြစ်သည်အထိ ကောက်ချက်ချနိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်။ 

ကျွန်တော်တို့အတွက် သင်္ချာ နဲ့ သိပ္ပံတို့ဆိုတာက အရမ်းကြီး ဝေးကွာပြီးခက်ခဲနေတဲ့ ဘာသာရပ် ၂ ခုတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ ငယ်စဉ်ကတည်းကနေပြီး တက္ကသိုလ်ဝင်တန်း အထိ စာတွေလို့တောင် ဆိုလို့ရနိုင်ပါတယ်။ ဖြေဆိုတဲ့အခါမှာ ပြောင်းလဲသွားတာကတော့ မေးခွန်းပုံစံနဲ့ ဖြေဆိုရတဲ့ ပုံစံတွေပဲဖြစ်ပါတယ်။ အင်္ဂလိပ်စာ ပုဒ်ကြီးတွေ ဖတ်ရတယ်။ ကိုယ့်မရင်းနှီးတဲ့ အသုံးအနှုံးတွေ ၊ သူတို့ရဲ့ တွေးခေါ်ပုံတွေကသာ ကျွန်တော်တို့ကို အဓိက ခက်ခဲစေတာပါပဲ။ ဒါ့ကြောင့်မို့လို့ ကျွန်တော်တို့သာ RLA ကို သေချာ ပိုင်ပိုင်နိုင်နိုင်လုပ်နိုင်ပြီး သေချာ ပိုင်ပိုင်နိုင်နိုင်သာ ဖြေဆိုနိုင်ခဲ့သည်ရှိသော် တခြား ကျန်သော ဘာသာတွေဟာ ကျွန်တော်တို့အတွက် ချောချောရှုရှုနဲ့ လွယ်လွယ်ကူကူပဲ ဖြေဆိုနိုင်ပြီး အမှတ်ကောင်းကောင်း ရနိုင်မယ်လို့ အကြံပေးရင်းနဲ့ ပဲ ဒီလောက်နဲ့ အဆုံးသတ်ပါရစေ။ အဆုံးထိ ဖတ်ရှု့ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ 

-Bahuthuta Corner

Share:

More Posts

Send Us A Message