ယခုခေတ်လူငယ်တွေကြားမှာ လူသိများထင်ရှားတဲ့ K အရှည်ကောက်ဟာ Ketamine ပါ။ Ketamine ကို ကနဦးကာလတွေမှာ ထုံဆေး ၊ မေ့ဆေးအဖြစ် အသုံးပြုကြပါတယ်။ ဒါပေမယ့် ယနေ့ခေတ်မှာတော့ K ခေါ် Ketamine ကို ပါတီ တွေ ၊ ကလပ်တွေမှာ မူးယစ်ဆေးဝါးတစ်ခုအဖြစ်အများအပြားသုံးပြုလာကြပါတယ်။ K ကို မူးယစ်ဆေးဝါးအဖြစ် အသုံးပြုလာကြပေမယ့် တကယ်တမ်းမှာ သူ့ရဲ့စတင်တွေ့ရှိခဲ့မှုတွေ ၊ လက်တွေ့ အသုံးချ မှုတွေဟာ မူးယစ်ဆေးဝါးတစ်ခုထက် ပိုမိုတဲ့ အကျိုးသက်ရောက်မှုှတွေရှိပါတယ်။ ဒီကနေ့မှာတော့ ဗဟုသုတကနေပြီး K လို့ ခေါ်တဲ့ Ketamine အကြောင်းကို ပိုမိုသိရှိကြစေဖို့ မျှဝေပေးချင်ပါတယ်။
K (ခ) Ketamine မူလပထမပေါ်ပေါက်လာခဲ့ပုံ
K လို့ သိကြတဲ့ Ketamine ကို 1962 ခုနှစ်မှာ Dr.Calvin Stevens ကစတင်ဓာတ်ပြုပြီး အသုံးပြုခဲ့ပါတယ်။ ဓာတုအရဆိုရင် ( RS ) – 2 – ( 2 – chlorophenyl ) – 2 – ( methylamino )cyclohexanone လို့ သိကြပါတယ်။ ကနဦးကာလတွေမှာ ဆေးဝါးပိုင်းဆိုင်ရာတွေမှာ အသုံးပြုကြပြီး မေ့ဆေး ၊ ထုံဆေး အဖြစ်နဲ့ ခွဲစိတ်တဲ့ အခါတွေ ၊ ကုသမှုတွေ ပြုလုပ်တဲ့အခါ အသုံးပြုခဲ့ကြပါတယ်။ 1970 ခုနှစ် ရောက်တဲ့အခါမှာတော့ U.S Food and Drug Administration ( FDA ) ဆေးဝါးအဖြစ် ခွင့်ပြုပေးခဲ့ပါတယ်။
K ရဲ့ ဆေးဝါးပိုင်းဆိုင်ရာ အသုံးဝင်ပုံ
K ကို ဆေးဝါးဖက်ဆိုင်ရာတွေမှာ တွင်တွယ်ကျယ်ကျယ်အသုံးပြုကြပါတယ်။ များသော အားဖြင့် ခွဲစိတ်မှုတွေအသုံးပြုတဲ့အခါ မေ့ဆေး (သို့ ) ထုံဆေးတစ်ခု အဖြစ် အသုံးပြုကြပေမယ့် အခြားသော ဆေးဝါးကုသရေးတွေမှာလည်း အသုံးပြုပါတယ်။ နာကျင်ကိုက်ခဲမှုတွေသက်သာပျောက်ကင်းဖို့အတွက်လည်း အသုံးပြုကြသလို စိတ်ပိုင်းဆိုင်ရာရောဂါဝေဒနာတွေမှာလည်း အသုံးပြုလေ့ရှိပါတယ်။ အဓိကအားဖြင့် TRD ( Treatment-Resistant Depression ) / PTSD ( Post-Traumatic Stress Disorder ) တွေကို ကုသတဲ့နေရာမှာ သုံးလေ့ရှိပါတယ်။ အခုနောက်ပိုင်းတွေမှာ အခြားသော စိတ်ပိုင်းဆိုင်ရာဝေဒနာတွေကိုပါ ဆက်လက်ကုသနိုင်ဖို့အတွက် လေ့လာမှုတွေလည်း ဆက်လက်လုပ်ကိုင်နေတဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။
K ရဲ့ အာနိသင်ပြသပုံ
K ခေါ် Ketamine ဟာ အသုံးပြုတဲ့ ပမာဏအပေါ်ကို မူတည်ပြီး ပြသတဲ့ အာနိသင်တွေဟာ အမျိုးမျိုးကွဲပြားပါတယ်။ များသောအားဖြင့် စိတ်နဲ့လူနဲ့ မကပ်ပဲ အဆက်ပြတ်သွားခြင်း ( ပါတီတွေ ၊ ကလပ်တွေမှာ မူးယစ်ဆေးဝါးအဖြစ် အသုံးပြုခြင်း ) ၊ ထင်ယောင်ထင်မှားဖြစ်ခြင်း ၊ သတိလစ်ခြင်း ၊ နာလို့နာမှန်းမသိစေခြင်း ၊ ထုံစေခြင်း ၊ စိတ်ငြိမ်သွားစေခြင်း အစရှိတဲ့ အာနိသင်တွေ ပြသပါတယ်။ အလွန်အကျူးအသုံးပြုတဲ့အခါတွေမှာဆိုရင် စိတ်နဲ့လူနဲ့ မကပ်တော့ခြင်း ၊ ထိတွေ့မှုတွေမှာ ခံစားမှုမရှိတော့ခြင်း ၊ နာကျင်ခြင်းတွေ မသိတော့ခြင်း ၊ ထင်ယောင်ထင်မှားတွေဖြစ်စေခြင်း ၊ ပတ်ဝန်းကျင်ကို အာရုံမစိုက်နိုင်တော့ပဲ သတိလွတ်ခြင်း ၊ ကြွက်သားများကို အားနည်းစေခြင်း ၊ အသက်ရှုပိုင်းဆိုင်ရာတွေမှာ ခက်ခဲစေခြင်း ၊ သွေးဖိအားအလွန်အမင်းတက်စေခြင်း ၊ နှလုံးခုန်မြန်စေခြင်း ၊ မူးဝေ အံ့အောခြင်း ၊ ကျောက်ကပ်ထိခိုက်ခြင်း ၊ တတ်ခြင်း ၊ သတိလစ်ပြီး ကိုမာဝင်ခြင်း ၊ အသက်သေဆုံးခြင်း အစရှိတဲ့ အကျိုးဆက်တွေကို ခံစားရနိုင်ပါတယ်။
K ခေါ် Ketamine ဟာ ဆေးဘက်ဆိုင်ရာတွေမှာအသုံးဝင်သလောက် ရေရှည်အသုံးပြုတဲ့အခါမှာ အသုံးပြုခံရတဲ့သူကို ထိခိုက်စေတဲ့ အကျိုးဆက်တွေရှိပါတယ်။ ခွဲစိတ်မှုတွေ ၊ စိတ်ပိုင်းဆိုင်ရာဝေဒနာတွေကို ကုသနေတဲ့ဆိုပေမယ့် ယခုထက်တိုင်အောင် ပိုမိုကုသနိုင်မယ့် နည်းတွေကို ဆက်လက်ပြီး လေ့လာနေဆဲဖြစ်သလို ဘေးထွက်ဆိုးကျိုးတွေကိုလည်း လေ့လာနေရတဲ့ ဆေးဝါးတစ်မျိုးပဲဖြစ်ပါတယ်။ ဆေးဝါးကုသရေးပိုင်းမှာ အကျိုးရှိသလောက် တစ်ဖက်မှာလည်း မူးယစ်ဆေးဝါး အဖြစ် အလွဲသုံးစား ပြုမှု တွေကိုလည်းတွေ့နေရပါတယ်။ K ခေါ် Ketamine ဟာ ရေရှည်အသုံးပြုတဲ့သူအတွက် ထိခိုက်စေနိုင်တဲ့ ဆေးဝါးတစ်မျိုးဖြစ်တာကြောင့် ဆေးဝါးကုသမှုအတွက်မှမဟုတ်ရင် ရှောင်ရှားသင့်တဲ့ဆေးဝါးအမျိုးအစားဖြစ် ကြောင်း ဝေမျှရင်းနဲ့ပဲ အဆုံးသတ်လိုက်ပါရစေ။ အဆုံးထိဖတ်ရှု့ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဗဟုသုတကော်နာမှ လူငယ်များအတွက် ထိရောက်ပြီးအကျိုးရှိစေမည့် သုတ၊ရသစုံဆောင်းပါးတိုများအား ရေးသားတင်ဆက်ပေးလျက်ရှိပါတယ်။ သင်ယူရရှိလိုက်သည့် ဗဟုသုတများကို လက်တွေ့အသုံးချမှသာလျင် မိမိတို့ဘ၀အတွက် အကျိုးဖြစ်ထွန်းစေမှာဖြစ်တယ်။ ထိုအတွက်အကြောင့် စာဖတ်သူပရိသတ်များအာလုံး ဗဟုသုတမှသည် လက်တွေ့သို့ အကောင်အထည်ဖော်နိုင်ကြပြီး လိုရာပန်းတိုင်ကို တက်လှမ်းနိုင်ကြပါစေ။ ဆက်လက်ပြီး ဗဟုသုတကော်နာသို့ ကြော်ငြာကိစ္စနဲ့ ပတ်သက်ပြီး တစုံတရာ ဆက်သွယ်လိုပါကလည်း အောက်ပါလိပ်စာသို့ မေးမြန်းစုံစမ်းနိုင်ပါတယ်- [email protected].
-Bahuthuta Corner