Bahuthuta Corner.com

Moody ဖြစ်နေတဲ့အခါ 

Mood ဖြစ်နေတယ်ဆိုတဲ့ စကားကို Social Media မှာ မြင်ဖူးတွေ့ဖူးကြမှာပါ။ စိတ်ပင်ပန်းနေတာ ၊ စိတ်ဖိဆီးနေတာ ၊ စိတ်ဓာတ်ကျနေတဲ့အခါတွေမှာ သုံးနှုံးကြပါတယ်။ ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ နေ့ရက်တိုင်းက လန်းဆန်းတက်ကြွဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တစ်ခါတစ်လေမှာ စိတ်ပင်ပန်းနေတာတွေ ၊ စိတ်ဖိဆီးတာတွေကြောင့် စိတ်ဓာတ်ကျသလိုမျိုးဖြစ်တတ်ပါတယ်။ ဒီလိုမျိုးဖြစ်တဲ့အခါမှာ လူကထိုင်းမှိုင်းပြီးတော့ နေလို့ထိုင်လို့မကောင်းပဲ ကိုယ်လုပ်စရာရှိတာတွေမလုပ်နိုင်တော့ပဲ လူက စိတ်တွေထွေပြီး လေနေလေ့ရှိပါတယ်။ ဒီနေ့မှာတော့ ဗဟုသုကနေ ဒီလိုမျိုးဖြစ်တဲ့အခါ ဘယ်လိုမျိုးကျော်ဖြတ်နိုင်မလဲဆိုတဲ့ နည်းလမ်းလေးတွေ မျှဝေပေးသွားပါမယ်။ 

ကိုယ်လက်လှုပ်ရှားမှုတစ်ခုပြုလုပ်ပါ။ 

ဘာမှမလုပ်ပဲ နေနေခြင်းက ပိုပြီးဆိုးစေပါတယ်။ ငြိမ်နေတဲ့အတွက် သွေးလေလှုပ်ရှားမရှိတော့ပဲနဲ့ ပိုပြီးထိုင်းမှိုင်းစေပါတယ်။ အဲ့ဒါကြောင့်မို့လို့ ကိုယ်ဟာ ဘာမှမလုပ်ပဲနေနေမယ့်အစား လမ်းထလျှောက်တာမျိုး ၊ လေ့ကျင့်ခန်းလုပ်တာမျိုး အစရှိတာမျိုးလုပ်ကြည့်ပါ။ ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်းဟာ Endorphins ကို ထွက်စေပါတယ်။ Endorphins ဆိုတာဟာ လူကို လန်းဆန်းတက်ကြွစေတဲ့ ဟော်မုန်းတစ်မျိုးပါပဲ။ ဒီနည်းဟာ မြန်မြန်ဆန်ဆန် နဲ့ ကိုယ့်ကို ပြန်လည်တက်ကြွလာစေမှာပါ။

တက်ကြွတဲ့ သီချင်းများကို နားထောင်ကြည့်ပါ။ 

ကိုယ်ဟာ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိတဲ့အခါမှာ အရာရာတိုင်းဟာထိုင်းမှိုင်းနေလေ့ရှိပါတယ်။ ဒီလိုဖြစ်နေတဲ့အခါမျိုးမှာ နားထောင်ဖြစ်တဲ့ သီချင်းတွေကလည်း ဝမ်းနည်းဖွယ်ရာ ၊ ထိုင်းမှိုင်းစရာတွေဖြစ်နေတတ်ပါတယ်။ အကယ်၍ကိုယ်ဟာ ပြန်လည်တက်ကြွတဲ့အနေအထားတစ်ခုကို ရောက်ချင်တယ်ဆိုရင်တော့ တီးလုံးတွေမြူးကြွစေပြီး စိတ်ကို လှုံဆော်နိုင်တဲ့ သီချင်းမျိုးပြောင်းနားထောင်ကြည့် ပါ။ သီချင်းသံကျယ်ကျယ်နဲ့အတူ လိုက်ကတာမျိုး ၊ လိုက်ဆိုတာမျိုးဟာလည်း ကိုယ့်ရဲ့ စိတ်ခံစားမှုအခြေအနေကို လျင်လျင်မြန်မြန်ပြောင်းသွားစေနိုင်တာကို တွေ့ရပါလိမ့်မယ်။ 

ရယ်မောဖွယ်ရာ ရုပ်ရှင်တွေ ၊ စာအုပ်တွေ ဖတ်ကြည့်ပါ။ 

စိတ်ပင်ပန်းထိုင်းမှိုင်းနေတဲ့အခါမျိုးတွေမှာ ရယ်လိုက်ခြင်းကတော့ စိတ်ခံစားချက်တွေကို အကောင်းဆုံး ပြန်လည်ဆွဲတင်နိုင်တဲ့ နည်းလမ်းတစ်ခုပါပဲ။ ဟာသရုပ်ရှင်တွေ ကြည့်ပြီး ပေါ့ပေါ့ပါးပါးရယ်လိုက်တဲ့အခါ ၊ ဟာသစာအုပ်တွေဖတ်ပြီး သဘောကျရယ်လိုက်တဲ့အခါမျိုးတွေမှာ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေဟာ သိသိသာသာပြောင်းလဲသွားပါလိမ့်မယ်။ 

သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းကြည့်ပါ။ 

တစ်ယောက်တည်းနေတဲ့အခါမှာ လူတွေဟာ အထီးကျန်တတ်ပါတယ်။ အထူးသဖြင့် စိတ်ပင်ပန်းထိုင်းမှိုင်းနေတဲ့အချိန်တွေမှာဆိုရင် ပိုဆိုးပါတယ်။ ဒီလိုမျိုးတစ်ယောက်တည်း ငြိမ်သက်နေမယ့် အစား သူငယ်ချင်းတွေနဲ့ မုန့်ထွက်စားတာ ၊ ရုပ်ရှင်အတူတူသွားကြည့်တာ မျိုးတွေ လုပ်ကြည့်ပါ။ သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းကြည့်ပါ။ အာရုံပြောင်းပြီးတော့ ကိုယ့်ရဲ့ စိတ်ပင်ပန်းဖိဆီးနေတာတွေ သိသိသာသာသက်သာသွားတာကိုတွေ့ရပါလိမ့်မယ်။ 

ကိုယ့်ကိုကိုယ် ပိုမိုဂရုစိုက်ပါ။ 

တကယ်တမ်းမှာ စိတ်လေးလံထိုင်းမှိုင်းနေခြင်းဟာ ကိုယ့်ဘာသာ ဂရုမစိုက်မိလို့ဖြစ်တတ်ပါတယ်။ အိပ်ချိန်လုံလုံလောက်လောက်မရှိတာ ၊ ကိုယ့်ဘာသာတွန်းအားတွေ ပေးနေတာတွေကလူကို ပင်ပန်းပြီး ထိုင်းမှိုင်းစေတတ်ပါတယ်။ ဒီလိုမျိုးတွေဖြစ်လာတဲ့အခါမျိုးတွေ အရင်ဆုံး ကိုယ့်ဘာသာ ပြန်လည်ဆန်းစစ်ကြည့်ပါ။ ကိုယ်ဟာ သေချာ ကောင်းကောင်းမွန်မွန်အိပ်ရရဲ့လား ၊ အလွန်အမင်းစိတ်ဖိဆီးစရာတွေကို တွေးမိနေလားဆိုတာတွေကို ပြန်လည်သုံးသပ်ကြည့်ပါ။ အိပ်ရေးဝအောင် အိပ်စက်ပါ။ စားချင်တာရှိရင် စားလိုက်ပါ။ ကိုယ့်ဘာသာကို ဖိအားတွေမပေးပဲနေကြည့်ပါ။ ကိုယ့်အတွက် အချိန်သေချာယူပြီး ကိုယ်လုပ်ချင်တာလေးတွေလုပ်ကြည့်ပါ။ ဒီနည်းနဲ့လည်း ကျဆင်းနေတဲ့ စိတ်ဓာတ်တွေက ပြန်လည်တက်ကြွလာနိုင်ပါတယ်နော်။ 

Mood ကြီးဖြစ်နေတဲ့အခါမှာ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိတာဟာ သဘာဝဖြစ်ရပ်တစ်ခုပါပဲ။ လူတွေဟာ စက်နဲ့ မဟုတ်ပဲ အသွေးအသားနဲ့ တည်ဆောက်ထားတာဖြစ်လို့ ပင်ပန်းလွယ် ၊ စိတ်ဓာတ်ကျလွယ်တာဟာလည်း သဘာဝကျပါတယ်။ ဒီလိုမျိုးဖြစ်တဲ့အခါမှာ တစ်ယောက်တည်းငြိမ်သက်ထိုင်းမှိုင်းနေတာဟာ ကောင်းမွန်တဲ့နည်းလမ်းတစ်ခုမဟုတ်ပါဘူးနော်။ ကိုယ်ဟာ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိတဲ့အခါမျိုးတွေမှာ ကောင်းကောင်းမွန်မွန်အနားယူလိုက်ပါ။ အချိန်အတိုင်းအတာ အထိ အနားယူပြီးရင်တော့ ပြန်လည်လန်းဆန်းတက်ကြဖို့ လိုအပ်ပါတယ်။ ဝမ်းနည်းနေတာ ၊ စိတ်ပင်ပန်းနေတာတွေဟာ ရေရှည်မှာ ကိုယ့်ကိုပဲ ထိခိုက်စေနိုင်တာမို့ ကိုယ့်ဘာသာ ဂရုစိုက်ပါလို့ မှာရင်းနဲ့ပဲ အဆုံးသတ်လိုက်ပါရစေနော်။ အဆုံးထိဖတ်ရှု့ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျ။ 

ဗဟုသုတကော်နာမှ လူငယ်များအတွက် ထိရောက်ပြီးအကျိုးရှိစေမည့် သုတ၊ရသစုံဆောင်းပါးတိုများအား ရေးသားတင်ဆက်ပေးလျက်ရှိပါတယ်။ သင်ယူရရှိလိုက်သည့် ဗဟုသုတများကို လက်တွေ့အသုံးချမှသာလျင် မိမိတို့ဘ၀အတွက် အကျိုးဖြစ်ထွန်းစေမှာဖြစ်တယ်။ ထိုအတွက်အကြောင့် စာဖတ်သူပရိသတ်များအာလုံး ဗဟုသုတမှသည် လက်တွေ့သို့ အကောင်အထည်ဖော်နိုင်ကြပြီး လိုရာပန်းတိုင်ကို တက်လှမ်းနိုင်ကြပါစေ။ ဆက်လက်ပြီး ဗဟုသုတကော်နာသို့ ကြော်ငြာကိစ္စနဲ့ ပတ်သက်ပြီး တစုံတရာ ဆက်သွယ်လိုပါကလည်း အောက်ပါလိပ်စာသို့ မေးမြန်းစုံစမ်းနိုင်ပါတယ်- [email protected] .

-Bahuthuta Corner

Share:

More Posts

Send Us A Message