Social Study လို့ ပြောလိုက်ရင် ကျွန်တော်တို့ရင်းနှီးကျွမ်းဝင်မှုမရှိတာကြောင့် ဘယ်အရာတွေကို စတင်လေ့လာရမလဲမသိသလို ဘာတွေမေးမှန်းမသိကြလို့ စိုးရိမ်ပူပန်တတ်ကြပါတယ်။ Social Study မှာ အမေရိကန်နိုင်ငံ သမိုင်းကြောင်း ၊ ဖွဲ့စည်းတည်ဆောက်ပုံ ၊ အခြေခံဥပဒေ ၊ ထင်ရှာကျော်ကြားတဲ့ အမှုအခင်းတွေ ၊ နိုင်ငံရေးအရွေ့အပြောင်းဖြစ်မှုတွေ အကြောင်းကို သိရှိထားရမယ့်လို့ သိကြပေမယ့် အကြောင်းအရာတွေက များပြားလွန်းတဲ့အတွက် ဘယ်နေရာကနေဘယ်လို စတင်ပြီး ရှာဖွေလေ့လာရမလဲ ဆိုတာက ကျောင်းသား၊ကျောင်းသူတိုင်းကြုံတွေ့ရတဲ့ အခြေအနေတစ်ခုပါ။ ဒီနေ့မှာတော့ Social Study မှာ မဖြစ်မနေသိကို သိထားရမယ့် စာမေးပွဲတိုင်းမှာလည်း အမြဲတမ်းပါဝင်နေတတ်တဲ့ Amendments များအကြောင်းကို ဗဟုသုတကနေပြီးတော့ ဝေမျှပေးသွားပါမယ်။
Amendment ဆိုတာဟာ ဘာလဲ။
Amendment ဆိုတာဟာ ရိုးရိုးရှင်းရှင်း အဓိပ္ပာယ်ဖွဲ့ဆိုရရင်တော့ စာရွက်စာတမ်းတွေမှာ ပါဝင်တဲ့အချက်အလက် အကြောင်းအရာတွေကို ပြောင်းလဲတာ ၊ ပြင်ဆင်တာ ၊ ထပ်မံပေါင်းထည့်တာ အစရှိတဲ့ အဓိပ္ပာယ်လို့ မှတ်ယူလို့ရနိုင်ပါတယ်။ ဒီလိုအဓိပ္ပာယ်နဲ့ပဲ အမေရိကန်ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံတွေမှာ ပါဝင်တဲ့ အကြောင်းအရာအချက်အလက်တွေကို amendment လို့ ခေါ်ဝေါ်သတ်မှတ်ကြပါတယ်။ ဆိုလိုတာကတော့ ဒီ ဖွဲ့စည်းတည်ဆောက်ပုံဟာ ပြီးပြည့်စုံသွားတာမဟုတ်ပဲ အခြေအနေနဲ့ အချိန်အခါကို လိုက်ပြီး လိုအပ်ချက်တွေကို ပြောင်းလဲမယ် ၊ ပြင်ဆင်မယ် ၊ ဖြည့်စွက်မယ်လို့လဲ အကြမ်းအားဖြင့် မှတ်ယူနိုင်ပါတယ်။ အမေရိကန်ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံမှာ ကနဦး10 amendments ပါဝင်ခဲ့ပြီး Bill of rights ဆိုပြီး ထင်ရှားပါတယ်။ ဒီ Bill of rights ဟာဆိုရင်
Amendment I – Freedoms , Petitions , Assembly ( လွတ်လပ်စွာ ပြောရေးဆိုခွင့် ၊ စုဝေးခွင့်ရှိခြင်း )
Amendment II – Right to bear Arms ( လက်နက်ကိုင်ဆောင်ခွင့်ရှိခြင်း )
Amendment III – Quartering of Soldiers ( စစ်သား ၊ စစ်တပ်ဟာ အိမ်ပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရပဲ ဝင်ရောက် တပ်စွဲ ၊ နေထိုင်ခွင့်မရှိခြင်း )
Amendment IV – Search & Arrest ( ခွင့်ပြုချက်မရှိပဲ ၊ ကျိုးကြောင်းဆီလျော်မှုမရှိပဲ ဖမ်းဆီး ၊ စစ်ဆေးခွင့်မရှိခြင်း )
Amendment V – Rights in criminal cases ( ကိုယ့်ကို ထိခိုက်လာနိုင်တဲ့ တရာရေးဖြေဆိုမှုတွေကို ငြင်းဆိုနိုင်ခြင်း ၊ ပြည်သူပိုင် ပစ္စည်းများကို အစိုးရက အခွင့်မရှိပဲ အသုံးချခွင့်မရှိခြင်း ၊ တန်ရာတန်ကြေးပေးလျော်ခြင်း ၊ အမှုတစ်ခုတည်းကို ထပ်ခါ ထပ်ခါ တရားစွဲခံရခြင်းမရှိခြင်း )
Amendment VI – Right to fair trial ( တရားစွဲဆိုခံရသူသည် လျင်မြန်ပြီး မှန်ကန်သော တရားစီရင်မှုရရှိစေခြင်း )
Amendment VII – Rights in civil cases ( တရားစီရင်မှုတစ်ခုပြုလုပ်ရန် အငြင်းပွားဖွယ်ရာ ကိစ္စတစ်ခုက အနည်းဆုံး $20 ကျော်ရှိရခြင်း )
Amendment VIII – Bail , fines , punishment ( အလွန်အမင်း ဒဏ်ငွေရိုက်ခြင်း ၊ ပြစ်ဒဏ်ပေးခြင်းများ မရှိစေခြင်း )
Amendment IX – Rights retained by the People ( လူတစ်ဦးတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့် ၊ အခွင့်အရေးများကို တခြားသူတစ်ဦးတစ်ယောက်က ဝင်ရောက်ထိန်းချူပ် ၊ ထိပါးခွင့်မရှိခြင်း )
Amendment X – States’ rights ( နိုင်ငံရဲ့ အခွင့်အာဏာသည် တစ်နေရာတည်းတွေ မဟုတ်ပဲ ပြည်နယ် နှင့် နေရာလူထုအလိုက် ခွဲဝေထားရှိခြင်း ) အစရှိတာတွေပဲဖြစ်ပါတယ်။
10 Amendments or Bill of rights တွေဟာ Social study မှာ မဖြစ်မနေကို သိထားပြီး လေ့လာရမယ့် အရာတွေဖြစ်တဲ့အရာတွေပဲဖြစ်ပါတယ်။ စာမေးပွဲတိုင်းမှာလည်း ဒါနဲ့ ပတ်သတ်ပြီး မဖြစ်မနေ ကိုမေးလေ့ရှိတာမို့ သေသေချာချာလေ့လာထားနိုင်ရင် အကောင်းဆုံးဖြစ်မှာပါ။ ဒီနေ့မှာတော့ Bill of rights နဲ့ ပတ်သတ်တာတွေကို နားလည်လွယ်အောင် အကြမ်းဖျင်းဖော်ပြပေးသွားပါတယ်။ တစ်ချို့အကြောင်းအရာတွေဟာ အလွယ်တကူ နားလည်အောင် အဓိပ္ပာယ်ပြန်ဆိုထားတာဖြစ်လို့ ဆိုလိုရင်းနဲ့ အနည်းငယ် ကွဲလွဲမှုရှိနိုင်ပါတယ်။ ဒါ့ကြောင့်မို့လို့ တကယ်တမ်းလေ့လာကြမယ်ဆိုရင်တော့ သူတို့ အကြောင်းမူရင်းရေးပြီး ဖွဲ့ဆိုထားတဲ့ amendments တွေကို သေချာ ဖတ်ရှု့လေ့ကြဖို့တိုက်တွန်းရင်းနဲ့ ပဲ ဒီနေ့အတွက် ဒီမှာပဲ အဆုံးသတ်လိုက်ပါရစေ။ အဆုံးထိဖတ်ရှု့ပေးလို့ ကျေးဇူးတင်ပါတယ်ခင်ဗျ။
-Bahuthuta Corner