သိထားရမည့် ကမ္ဘာမြေကြီးအကြောင်း
ကျွန်တော်တို့နေထိုင်ရာ ပတ်ဝန်းကျင်အကြောင်းကို လေ့လာကြတဲ့အခါမှာ ကျွန်တော်တို့ ကမ္ဘာမြေကြီး အကြောင်းကိုလည်း မေ့ထားလို့မရပြန်ပါဘူး။ သက်ရှိတွေ ၊ စွမ်းအင်တွေ ၊ ရာသီဥတုတွေ ၊ သမုဒ္ဒာတွေ ၊ မြေကြီးတွေ ၊ သတ္တုတွေ နဲ့ တည်ရှိနေတဲ့ ကမ္ဘာမြေကြီးဟာ အခုချိန်ထိ လေ့လာစရာတွေ မကုန်ဆုံးနိုင်သေးပါ။ ကမ္ဘာမြေကြီးဟာ သက်ရှိတွေကို ဘယ်လို ထောက်ပံ့နေသလဲ ၊ ဖြစ်လိုဖြစ်တည်လာသလဲ ၊ ဘယ်လိုမျိုး လည်ပတ်နေတာလဲ ဆိုတာဟာ စိတ်ဝင်စားဖို့ ကောင်းတဲ့ အရာတွေပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဗဟုသုတ ကနေပြီးတော့ ကမ္ဘာမြေကြီးရဲ့ အကြောင်း တစ်စိတ်တစ်ပိုင်းကို ဝေမျှပေးသွားပါမယ်။ ကမ္ဘာမြေကြီးရဲ့ အစ ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာမြေကြီးဟာ နေရဲ့ တတိယမြောက်နေရာမှာ ရှိတဲ့ ဂြိုလ်တစ်ခုဖြစ်ပြီးတော့ ယခုအချိန်ထိ လေ့လာနိုင်သမျှ […]
ခရီးမထွက်ခင် ကျစ်ကျစ်လစ်လစ်ပြင်ဆင်ရမည့် နည်းလမ်းကလေးများ
ကျွန်တော်တို့ ဘဝတွေမှာ ခရီးတွေများစွာ ထွက်ဖူးကြပါလိမ့်မယ်။ ကိုယ်ဟာခရီးထွက်ရတာ မကြိုက်တဲ့သူဆိုရင်တောင်မှ လုပ်ငန်းလိုအပ်ချက်အရဖြစ်စေ ၊ ကိစ္စတစ်ခုခုကြောင့်ဖြစ်စေ တစ်ခုမဟုတ်တော့ တစ်ခု ခရီးတော့သွားရမှာပဲဖြစ်ပါတယ်။ အကယ်၍ လုပ်ငန်းလိုအပ်ချက်အရ ခရီးထွက်ရတဲ့အခါ လုပ်ငန်းဘက်က စီစဉ်ပေးတာတွေရှိရင် ကိုယ့်ဘက်ထွေထွေထူးထူးပြင်ဆင်ရတာမျိုးမရှိလို့ သက်သာပေမယ့် အပျော်တမ်းခရီးတွေ ၊ လေ့လာလေးခရီးတွေ ၊ မိသားစုခရီးတွေ ထွက်တဲ့အခါမှာတော့ ကိုယ်တိုင်ကိုယ်ကျ စီစဉ်ရပါပြီ။ ဒီအခါမှာ ခရီးမထွက်ချင် ခရီးစဉ်ကို ဘယ်လိုမျိုးကျစ်ကျစ်လစ်လစ်နဲ့ အကျိုးရှိရှိသွားလို့အောင် ပြင်ဆင်နိုင်မယ့် နည်းလမ်းလေးတွေကို ဝေမျှပေးသွားပါမယ်။ ၁။ ငွေကြေးစီမံခန့်ခွဲမှုကို ကြိုတင်ပြင်ဆင်ခြင်း။ ခရီးမထွက်ခင် အရင်ဆုံးတွေးရမယ့် အရာဟာ ငွေကြေးပဲဖြစ်ပါတယ်။ ကိုယ်ဟာ ထွက်မယ့် ခရီးအပေါ်မူတည်ပြီးတော့ ကုန်ကျမယ့်စရိတ်တွေ ၊ သုံးမယ့်စရိတ်တွေကို လုံလုံလောက်လောက်ဖြစ်အောင် စီမံခန့်ခွဲဖို့အရေးကြီးပါတယ်။ ခရီးတစ်ခုထွက်တဲ့အခါ ငွေကြေးက အင်မတန်အရေးပါပါတယ်။ ကိုယ်မရောက်ဖူးတဲ့ ဒေသတစ်ခု […]
နှလုံးရောဂါအကြောင်းသိကောင်းစရာများ
နှလုံးဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုမှာပါဝင်နေပါတယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်မှာ လိုအပ်နေတဲ့ အောက်ဆီဂျင်တွေ ၊ အာဟာရတွေကို ကိုယ်တွင်းမှာရှိတဲ့ သွေးတွေကနေ တစ်ဆင့် ခန္ဓာကိုယ်အနှံ့ကို လှည့်လည်ပို့ဆောင်ပေးနေပြီးတော့ ဒီသွေးတွေလည်ပတ်နိုင်အောင်လို့ နှလုံးက အဓိက တွန်းအားပေးပြီး လုပ်ဆောင်ပါတယ်။ နှလုံးဟာ ကျုံ့နိုင် ဆန့်နိုင်တဲ့ ကြွက်သားတွေနဲ့ ဖွဲ့စည်းထားပြီးတော့ နှလုံးကို ကျုံ့ခြင်း ၊ ဆန့်ခြင်းအားဖြင့် သွေးကြောတွေကနေ တစ်ဆင့် သွေးတွေကို တွန်းထုတ်ပြီးတော့ လည်ပတ်စေပါတယ်။ ဒါ့အပြင် အောက်ဆီဂျင်တွေ ၊ အာဟာတွေကို ပို့ဆောင်ပြီးသားဖြစ်တဲ့ ညစ်ညမ်းပြီးသား သွေးတွေကိုလည်း ပြန်လည်ယူဆောင်ပါတယ်။ ဒါ့ကြောင့်မို့လို့ ကျွန်တော်တို့ နှလုံး ဟာ ခန္ဓာကိုယ်လည်ပတ်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ ကျွန်တော်တို့ နှလုံးဟာလည်း နာမကျန်းဖြစ်တာတွေ ၊ ရောဂါခံစားရတာ […]
တောင်အမေရိကတိုက်အကြောင်း သိကောင်းစရာများ
အရင်တစ်ရက်က မြောက်အမေရိကတိုက်အကြောင်းဝေမျှခဲ့ပြီးပြီဆိုတော့ ဒီတစ်ရက်မှာ တောင်အမေရိက တိုက်အကြောင်းကို မျှဝေပေးချင်ပါတယ်။ မြောက်အမေရိကတိုက်ကြီးကို ခရစ်စတိုဖာ ကိုလံဘတ်စ် က ၁၄၉၂ ခုနှစ် က စတင်အခြေချခဲ့တယ်လို့ မှတ်တမ်းတင်ထားခဲ့ပြီး တောင်အမေရိကတိုက် ကိုလည်း ၁၄၉၈ ခုနှစ် သြဂတ်လ ၁ ရက်နေ့မှာ ကိုလံဘတ်စ်ကပဲ ဗင်နီဇွဲလား က ပါရီယာ ပင်လယ်ကွေ့မှာ စပိန်အလံကို စိုက်ထူခဲ့ပါတယ်။ တောင်အမေရိက တိုက်ကြီးဟာ ကမ္ဘာ့အကြီးဆုံး တိုက်တွေထဲက တစ်ခုဖြစ်ပြီးတော့ မြောက်အမေရိကပြီးရင် စတ္တုထမြောက်အကြီးဆုံးဖြစ်တဲ့ တိုက်ကြီးတစ်ခုပဲဖြစ်ပါတယ်။ လက်ရှိ တောင်အမေရိကတိုက်ထဲမှာ စုစုပေါင်း ၁၂ နိုင်ငံတည်ရှိပါတယ်။ တောင်အမေရိကတိုက် တောင်အမေရိကတိုက်ဟာ အနောက်မြောက်ဘက်မှာရှိတဲ့ ဒါရီယန်း ပင်လယ်ကွေ့ကနေပြီးတော့ တောင်ဘက်မှာရှိတဲ့ တီရာတာဒယ် ဖူ(ရ်)ဂို ကျွန်းစုတွေနဲ့ ဆက်စပ်နေပါတယ်။ တောင်အမေရိကတိုက်ကိုလည်း ကုန်းမြင့်ဒေသ ၊ […]
Alcohol သောက်ခြင်းကြောင့် ရရှိနိုင်တဲ့ သက်ရောက်မှုများ
ကျွန်တော်တို့ adult life ထဲကို စတင်ဝင်ရောက်လာတာနဲ့ ထိတွေ့မိတ်ဆက်ကြတဲ့ အရာတွေထဲမှာ အရက် ၊ ဝီစကီ ၊ ဘီယာ ၊ ဝိုင် ၊ ကော့တေး ၊ ဗော့ကာ ၊ အစရှိတဲ့ alcohol တွေက မပါမဖြစ်ပါပဲ။ သူငယ်ချင်းတွေ ဆုံတွေ့ရင်းပဲဖြစ်စေ ၊ ညစာစားပွဲတွေမှာပဲဖြစ်စေ ၊ စကားဝိုင်းတွေမှာပဲဖြစ်စေ alcohol တစ်မျိုးမဟုတ် တစ်မျိုးနဲ့ ထိတွေ့လာကြပါတယ်။ ငယ်စဉ်ကတော့ လူကြီးတွေက အရက်သောက်တာမကောင်းဘူး လို့ ဆုံးမ ကြပေမယ့် အသက်ကြီးပိုင်းဝင်လာတဲ့အခါမှာတော့ ကြိုက်လို့ဖြစ်စေ ၊ မကြိုက်လို့ပဲဖြစ်စေ သောက်သုံးတတ်လာကြတာ အမှန်ပါပဲ။ အရက်သောက်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ မကောင်းတဲ့အရာတွေကို သိကြပေမယ့် alcohol ပါဝင်တဲ့ အရာတွေ သောက်သုံးမိတာက ဘယ်လိုသက်ရောက်မှုမျိုး ဖြစ်စေနိုင်သလဲ ၊ […]
မြောက်အမေရိကတိုက်အကြောင်း သိကောင်းစရာများ
အမေရိကတိုက်ကြီးကို ခရစ်စတိုဖာ ကိုလံဘတ်စ်က ၁၄၉၂ ခုနှစ် မှာ စတင်တွေ့ရှိခဲ့တယ်လို့ မှတ်တမ်းတွေ ရှိထားပါတယ်။ ၁၄၉၂ ခုနှစ် ၊ အောက်တိုဘာလ ၁၂ ရက်နေ့မှာ အီတလျံ စူးစမ်းလေ့လာသူ ခရစ်စတိုဖာ ကိုလံဘတ်စ်က အမေရိကတိုက်ကို စတင်အခြေချခဲ့ပြီးတော့ စပိန်လူမျိုးတွေရဲ့ နယ်မြေလို့ သတ်မှတ်ခဲ့ပါတယ်။ အများစုကတော့ ကိုလံဘတ်စ်ဟာ အမေရိက တိုက်ကြီးကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုကြပေမယ့် တကယ်တမ်းမှာတော့ အမေရိကတိုက်ကြီးနဲ့ အနောက်ဥရောပနိုင်ငံတွေကို စတင်မိတ်ဆက်ပြီး ထိတွေ့တယ်လို့ ပြောရင်ပိုမိုတိကျပါလိမ့်မယ်။ အမေရိကတိုက်ကြီးဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးတိုက်ကြီးထဲမှာပါပြီးတော့ တောင်ပိုင်း နဲ့ မြောက်ပိုင်းဆိုပြီး ကွဲပြားခြားနားပါတယ်။ အဲ့ဒီမှာမှ မြောက်အမေရိကတိုက်ဟာ ကမ္ဘာတတိယမြောက်အကြီးဆုံး တိုက်ကြီးတစ်ခုပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ မြောက်အမေရိကတိုက်အကြောင်းကို ဝေမျှပေးသွားပါတယ်။ မြောက်အမေရိကတိုက် မြောက်အမေရိကတိုက်ဟာ ကာရေဘီယန် ပင်လယ် ၊ […]
ကောင်းမွန်တဲ့အရာတွေဟာ အချိန်ယူတယ်
တစ်ခါတစ်လေမှာ ကျွန်တော်တို့ တွေးမိကြပါလိမ့်မယ်။ ငါက ကောင်းကောင်းနေသလောက် ဘာလို့ ငါ့ကျမှ ကောင်းကောင်းမွန်မွန်မဖြစ်ရတာလဲ။ တစ်ခြားသူများကို ဖျံကျတတ်တဲ့သူတွေ ၊ မကောင်းတာတွေကို လုပ်ကိုင်နေကြတဲ့သူတွေကျဘာလို့ အဆင်ပြေနေရတာလဲ စသဖြင့် ကောင်းမွန်ခြင်းအပေါ်မှာ မေးခွန်းထုတ်စရာတွေ ဖြစ်လာပါတတ်ပါတယ်။ မှန်ပါတယ် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ မကောင်းမှုတွေကို တွင်တွင်ကျယ်ကျယ်ပြုလုပ်ပြီး အဆင်ပြေနေတဲ့သူတွေလည်းမြင်နိုင်သလို ကောင်းပါလျက်နဲ့ ဘဝကို ရုန်းကန်နေကြရတဲ့သူတွေကိုလည်း မြင်ရတွေ့ရပါလိမ့်မယ်။ ဒီလိုအချိန်တွေမှာ အကုန်လုံးထင်ထားကြသလိုမျိုး ကောင်းမွန်အောင်နေထိုင်ရှင်သန်ခြင်းဟာ တကယ်ပဲ ကိုယ့်အတွက်ကော ကိုယ့်ဘဝအတွက်ပါ ကောင်းမွန်စေရဲ့လားဆိုတဲ့အရာက တကယ် အစစ်အမှန်ပဲဟုတ်ရဲ့လားဆိုတာ ဇဝေဇဝါတွေဖြစ်လာတတ်ကြပါတယ်။ ကောင်းမွန်တဲ့အရာတွေကို လုပ်ကိုင်တဲ့သူဟာ ကောင်းမွန်ခြင်းတွေကိုပြန်ရတယ်လို့ ငယ်ရွယ်စဉ်ကတည်းက ကျွန်တော်တို့ ဆုံးမခံခဲ့ကြရပေမယ့် တကယ်တမ်းလက်တွေ့ဘဝမှာ မလွယ်ကူပါဘူး။ ကောင်းမွန်ခြင်းတွေဟာ အချိန်ယူတတ်ကြပါတယ်။ ဥပမာ တစ်ခု ပြောရရင် အင်မတန်ကြီးကျယ်လှပတဲ့ ရောမ မြို့ကြီးကို တစ်ရက်တည်း […]
ဆယ်ကျော်သက်အရွယ်ပြောင်းလဲမှုများ
ကလေးဘဝကနေ ဆယ်ကျော်သက်အရွယ်ကို ရောက်လာတဲ့အခါမှာ ခန္ဓာကိုယ်မှာ ကြီးကောင်ဝင်လာတဲ့ အနေနဲ့ ပြောင်းလဲမှုတွေများစွာရှိလာပါတယ်။ မိန်းကလေးတွေဆိုရင် သိသိသာသာရင်သားဖွံဖြိုးလာတာ ၊ ဓမ္မတာ စက်ဝန်းလာတာ အစရှိတဲ့ ပြောင်းလဲမှုတွေ ရှိလာသလို ယောင်္ကျားလေးမှာလည်း အသံအောလာတာ ၊ အမွှေးအမျှင်တွေထွက်လာတာ အစရှိတာတွေ ပြောင်းလဲမှုတွေရှိလာပါတယ်။ ဒီကနေ့မှာတော့ ဗဟုသုတကနေပြီး ဆယ်ကျော်သက်အရွယ်ပြောင်းလဲမှုတွေ နဲ့ ပတ်သတ်ပြီး ဝေမျှပေးသွားပါမယ်။ သိသာထင်ရှားတဲ့ ပြောင်းလဲမှုများ ကြီးကောင်းဝင်စအရွယ်မှာ ကျွန်တော်တို့ ကလေးဘဝကရှိခဲ့တဲ့ ခန္ဓာကိုယ်ကနေ လူကြီးဖြစ်ပြီဆိုတဲ့ အပြောင်းအလဲအနေနဲ့ လူကြီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်အဖြစ်ကို ဖွံဖြိုးလာပါတယ်။ ဒီလိုဖွံဖြိုးလာတဲ့အခါမှာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကတော့ အသိသာဆုံးပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်နံ့ပြင်းထန်လာခြင်း – ယောင်္ကျားလေးတွေဆိုရင် သိသိသာသာ အသံသြလာတယ်။ အမွှေးအမျှင်တွေ ပိုမိုသန်ပြီးထွက်လာတယ်။ ခန္ဓာကိုယ်နံ့တွေ ပြင်းလာတယ်။ အရိုးအဆစ်တွေ ကြီးလာတယ် အစရှိတဲ့ ပြောင်းလဲမှုတွေ […]
GED အကြောင်း တစ်စေ့တစ်စောင်း
ကမ္ဘာပေါ်မှာ နိုင်ငံတွေအပေါ်မူတည်ပြီးတော့ သင်ယူလေ့လာရတဲ့ စံနှုန်းတွေ အသီးသီး ကွာခြားကြပါတယ်။ တစ်ချို့နိုင်ငံတွေက သိပ္ပံ နဲ့ သင်္ချာကို ဦးစားပေးကြတယ်။ တစ်ချို့တွေကကျတော့ ဘာသာ စကားကို အသားပေးကြသလို တစ်ချို့ နိုင်ငံတွေမှာ ကမ္ဘာ့စံနှုန်းနဲ့ လက်ခံသတ်မှတ်ထားတဲ့ သင်ရိုးညွှန်းတန်း တွေကို လက်ခံကြသလိုရှိပါတယ်။ အဲ့ဒီလို ကွာခြားမှုတွေ ရှိလာတာကြောင့်မို့ GED , SAT , IELTS , TOEFL , etc…. စသဖြင့် မျိုးစုံသော ပညာရေးသင်ရိုးညွှန်းတန်းတွေပေါ်ပေါက်လာပါတယ်။ ဒီထဲမှာ မှာ အမေရိကန် နိုင်ငံ ၊ ကနေဒါ နိုင်ငံ တို့ အပြင် နိုင်ငံပေါင်း ၅၀ ကျော်တို့က လက်ခံထားတဲ့ GED အကြောင်းဝေမျှပေးသွားပါမယ်။ GED ရဲ့ ဆိုတာ […]